Blinken ၏ တရုတ်နိုင်ငံနှင့် ပတ်သက်သည့် ပြောဆိုချက်ကို တရုတ်နိုင်ငံက တုံ့ပြန်

(GMT+08:00)2024-04-26 12:53:57  

ဧပြီလ ၂၅ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ဦးစီးကျင်းပခဲ့သည်။ ရှန်ဟိုင်းတွင်ရှိစဉ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken ၏ တရုတ်နိုင်ငံနှင့်ပတ်သက်သည့် ပြောဆိုချက်အကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ဝမ်ဝင်ပင်က တရုတ်နိုင်ငံသည် ဈေးကွက်အခြေခံမူများနှင့်အညီ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှုကို အမြဲတမ်းလုပ်ဆောင်ခဲ့ပြီး နိုင်ငံစုံကုန်သွယ်မှုစနစ်ကို အမြဲတမ်း အခိုင်အမာ ထောက် ခံကာ WTO စည်းမျဉ်းစည်းကမ်းများကို ဘက်စုံလိုက်နာဆောင်ရွက်ခဲ့ကြောင်း၊ အမေရိကန်အနေဖြင့် လည်း တရားမျှတစွာ ယှဉ်ပြိုင်မှုဆိုင်ရာမူကို ထိရောက်စွာ လေးစားပြီး WTO စည်းမျဉ်းများကို လိုက်နာကာ တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေးဆက်ဆံမှု ပုံမှန်တည်ငြိမ်စွာ တိုးတက်မှုအတွက် ကောင်း မွန်သော အခြေအနေများ ဖန်တီးပေးနိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။