တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် တန်ဇန်းနီးယားနိုင်ငံသမ္မတ Hassan တို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ကို အပြန်အလှန် ပေးပို့

(GMT+08:00)2024-04-26 16:23:24  

ဧပြီလ ၂၆ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် နှင့် တန်ဇန်းနီးယားနိုင်ငံသမ္မတ Hassan တို့သည် တရုတ်-တန်ဇန်းနီးယားနှစ်နိုင်ငံ သံတမန်အဆက်အသွယ် ထားရှိခဲ့သည့် အနှစ် ၆၀ ပြည့်မြောက်ခြင်းကို ဂုဏ်ပြုထောမနာပြုရန် ဝမ်းမြောက် ကြောင်း သဝဏ်လွှာကို အပြန်အလှန် ပေး ပို့ ခဲ့ကြသည်။
    ရှီကျင့်ဖိန် ၏ သဝဏ်လွှာတွင် သမိုင်းအစသစ်မှာ မိမိအနေဖြင့် အဆွေတော် သမ္မတနှင့်အတူ တရုတ်-တန်ဇန်းနီးယား ချစ်ကြည်ရေးအစဉ်အလာကို လက်ဆင့်ကမ်းပြီး တရုတ်-တန်ဇန်းနီးယားနှစ်နိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး ဘုံအိပ်မက်နှင့် Belt and Road အတူတကွတည်ဆောက်ရေး စီမံကိန်းများကို လက်တွေ့အကောင်အထည်ဖော်ကာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး၏ အနှစ် သာရကို အဆက်မပြတ် ကြွယ်ဝလာစေ၍ အရည်အချင်းမြင့် တရုတ်-အာဖရိက ကံကြမ္မာတူ အသိုက်အဝန်းကို တည်ဆောက်ရန်အတွက် ပိုမိုကြီးမားသော အကျိုးပြုစွမ်းဆောင်မှုများ ပြုလုပ်ရန် ဆန္ဒရှိကြောင်း ဖော်ပြထားပါသည်။
    Ali Hassan Mwinyi ၏ သဝဏ်လွှာတွင် တန်ဇန်းနီးယားနိုင်ငံအနေဖြင့် ခေတ်သစ် တွင် တရုတ်နိုင်ငံမှ စီးပွားရေးလူမှုရေးအောင်မြင်မှုများ ရရှိခဲ့ခြင်းကို တန်ဖိုးထား ချီးကျူးကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွင် တရုတ်နိုင်ငံမှ တန်ဇန်းနီးယားနိုင်ငံထံသို့ ပေးအပ်သော ထောက်ခံမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ Belt and Road အတူတကွ တည်ဆောက်ရေး အဆိုပြုချက်နှင့် တစ်ကမ္ဘာလုံး ဖွံ့ဖြိုးတိုးတက်ရေးအဆိုပြု ချက်များကို ဦးလည်မသုန် ထောက်ခံမည် ဖြစ်ကြောင်း၊ တန်ဇန်းနီးယား-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် ပူး ပေါင်း ဆောင်ရွက်မှု မိတ်ဖတ်ဆက်ဆံရေးကို မြှင့်တင်မည် ဖြစ် ကြောင်း ဖော်ပြထားပါသည်။