အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့၏ ပူးတွဲကြေညာချက်သည် အဖြစ်မှန်ကို လျစ်လျူရှုပြီး အမည်းကို အဖြူအဖြစ် ပြောင်းပြန် လုပ်နေဟု တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-04-26 16:25:12  

   ဧပြီလ ၂၅ ရက်နေ့ ညနေပိုင်းက တရုတ်ကာကွယ်ရေး ဝန်ကြီးဌာန၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ စီနီယာဗိုလ်မှူးကြီး ဝူချန်သည် သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။

  မကြာမီက အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင် ထိပ်သီးအစည်းအဝေးတွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ပြီး Ren'ai Reef အခြေအနေနှင့် တရုတ်နိုင်ငံ၏ တောင်ပင်လယ်၊ အရှေ့ပင်လယ်တွင် "အန္တရာယ်နှင့် ကျူးကျော်မှု" အပေါ် "ပူပန်မှု"ကို ဖော်ပြခဲ့ပြီး တရုတ်နိုင်ငံအား တောင်ပင်လယ်ဆိုင်ရာ အနုညာတ စီရင်ဆုံးဖြတ်ချက်ကို လိုက်နာရန် တိုက်တွန်းသည့်အပြင် ထိုင်ဝမ် ရေးရာကို ငြိမ်းချမ်းစွာ ဖြေရှင်းရန်လည်း ပန်ကြားခဲ့သည်။ ယင်းအပေါ် တရုတ်ပြည်ဘက်က မည်သို့ ပြောချင်ပါသနည်းဟု သတင်းထောက် တစ်ဦးက မေးမြန်းသည့်အခါ

  ဝူချန်က အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့၏ ပူးတွဲကြေညာချက်သည် အဖြစ်မှန်ကို လျစ်လျူရှုပြီး အမည်းကို အဖြူအဖြစ် ပြောင်းပြန် လုပ်နေ၍ တရုတ်နိုင်ငံအား အကြောင်းမဲ့ ပြစ်တင်ကာ မိမိတို့သည် ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံသည် တောင်ပင်လယ်ကျွန်းများနှင့် ကပ်လျက် ပင်လယ်ရပ်ဝန်းအပေါ် မငြင်းသာသော အချုပ်အခြာအာဏာ ရှိပြီး ယင်းသည် သမိုင်းနှင့် တရားဥပဒေဆိုင်ရာ အထောက်အထား ပြည့်ပြည့်စုံစုံ ရှိကြောင်း၊ တောင်ပင်လယ်ဆိုင်ရာ အနုညာတ ခုံရုံးသည် "နိုင်ငံက သဘောတူခြင်း"မူကို ကျောခိုင်းပြီး ဥပဒေနှင့်အညီ မဟုတ်ဘဲ စီရင်ဆုံးဖြတ်ခဲ့ကာ ကုလသမဂ္ဂ ပင်လယ်ရေးရာဥပဒေ အထွေထွေ သဘောတူစာချုပ်နှင့် ယေဘုယျ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ပြင်းပြင်းထန်ထန် ဖောက်ဖျက်သဖြင့် စီရင်ဆုံးဖြတ်ချက်သည် တရားမဝင် ဖြစ်ပြီး တရုတ်နိုင်ငံက လုံးဝ လက်မခံ၊ လုံးဝ အသိအမှတ် မပြုကြောင်း၊ ထိုင်ဝမ်ရေးရာသည် တရုတ်ပြည်တွင်း ရေးသက်သက်ဖြစ်ပြီး ပြည်ပမှ ဝင်ရောက်စွက်ဖက်ခြင်းကို လုံးဝ ခွင့်မပြု ကြောင်း ဖြေကြားခဲ့ပါသည်။