အာဂျင်တီးနား၊ ဘိုလီးဗီးယားနှင့် ပီရူး နိုင်ငံခြားရေး ဝန်ကြီးများသည် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်မည်

(GMT+08:00)2024-04-26 19:11:42  

   တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ အာဂျင်တီးနားနိုင်ငံ နိုင်ငံခြားရေး၊ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် သာသနာရေး ဝန်ကြီး မွန်ဒီနို သည် ဧပြီလ ၂၇ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ဘိုလီးဗီးယားနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဆိုစာ ၊ ပီရူးနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ကွန်ဇာလက်ဇ် အော်လေချီယာ တို့သည် ဧပြီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်မည် ဖြစ်ကြောင်း ဧပြီလ ၂၆ ရက်နေ့တွင် ကြေညာခဲ့သည်။