ဥရောပသမဂ္ဂ ကော်မရှင်သည် ယူကရိန်းအား ကူးပြောင်းရေးငွေကြေး ယူရိုငွေ ၁.၅ဘီလီယံ ထုတ်ပေးမည်

(GMT+08:00)2024-04-25 15:53:21  

ဒေသစံတော်ချိန် ဧပြီလ ၂၄ရက်နေ့က ဥရောပသမဂ္ဂကော်မရှင်မှ ထိုနေ့တွင် ဥရောပသမဂ္ဂကော်မရှင်သည် ယူကရိန်းအား ကူးပြောင်းရေးငွေကြေး ယူရိုငွေ ၁.၅ဘီလီယံကို ထုတ်ပေးမည်ဖြစ်ကြောင်း၊ ယင်းငွေကို ယူကရိန်းအစိုးရ၏ အခြေခံလည်ပတ်မှုတွင် အသုံးပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

ရုရှား-ယူကရိန်း အငြင်းပွားမှုဖြစ်ပွားလာပြီး ယခုအထိ ဥရောပသမဂ္ဂသည် ယူကရိန်းအား စုစုပေါင်း ယူရိုငွေ ၉၈.၅ဘီလီယံကို ထောက်ပံ့ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။