အမေရိကန်က ဝါဒဖြန့်နေတဲ့ "တရုတ်နိုင်ငံထုတ်လုပ်မှု ပိုလျှံလွန်ကဲခြင်း" ရဲ့ မှားယွင်းချက်များ

(GMT+08:00)2024-04-25 15:52:26  

ဒီလ ၂၄ ရက်နေ့ကစပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်က တရုတ်ပြည်ကို လာရောက် ခရီးလှည့်လည်နေတယ်။ အမေရိကန်က သူ့ရဲ့ ခရီးစဉ် မစခင်ကပဲ တရုတ်ပြည်ခရီးစဉ်အတွင်း တရုတ်ပြည်ထုတ် စွမ်းအင်သစ်သုံး ကုန်ပစ္စည်းများ "ထုတ်လုပ်မှု ပိုလျှံလွန်ကဲခြင်း" အပေါ် ပူပန်နေသည်ကို ဘလင်ကန်က ဖော်ပြသွားမယ်လို့ ကြိုတင်ပြောခဲ့တယ်။ အချိန်တစ်ခုအတွင်း အမေရိကန်က "တရုတ်နိုင်ငံထုတ်လုပ်မှု ပိုလျှံလွန်ကဲခြင်း" ဆိုတာကို အကြိမ်ကြိမ် သတင်းဖြန့်နေခဲ့တယ်။

အမေရိကန်မှ လူအချို့က ကုန်ထုတ်လုပ်မှုစွမ်းအားနဲ့ နိုင်ငံတကာ ကုန်သွယ်မှုကို ချိတ်ဆက်မှု ပြုထားပြီး ပို့ကုန် များရင် ကုန်ထုတ်လုပ်မှု ပိုလျှံလွန်ကဲတာပဲ ဖြစ်တယ်လို့ ယူဆတယ်။ အဲဒါဟာ မှားယွင်းတဲ့ ထင်မြင်ချက်ပဲ ဖြစ်တယ်။ နိုင်ငံတကာမှာ လုပ်ငန်းနယ်ပယ် တစ်ခုခုမှ ကုန်ထုတ်လုပ်မှုဟာ ပြည်တွင်းဝယ်လိုအားထက် ပိုများတာ၊ ပြည်ပသို့ တင်ပို့တာဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ သာမန် ဖြစ်ရပ် ဖြစ်တယ်။ ဥပမာ ဆိုရရင် အမေရိကန်မှ ထုတ်လုပ်တဲ့ ချိစ်ပြား၊ ဂျာမနီမှ ထုတ်လုပ်တဲ့ မော်တော်ကားများ ၈၀ ရာခိုင်နှုန်းကို ပြည်ပသို့ တင်ပို့ရောင်းချနေခဲ့တယ်။ ဒါနဲ့ အနောက်နိုင်ငံများက အာရှသို့ တင်ပို့မှုဟာလည်း ထုတ်လုပ်မှု ပိုလျှံလွန်ကဲတာမျိုးလားလို့ အမေရိကန်ကို မေးသင့်တယ်။

အမေရိကန်မှ လူအချို့က တရုတ်ပြည်ထုတ် စွမ်းအင်သစ်သုံး မော်တော်ကား ထုတ်လုပ်မှုဟာ တစ်ကမ္ဘာလုံး မှ ဝယ်လိုအားကို ကျော်လွန်တယ်လို့လည်း ပြောတယ်။ တကယ် ဒီလို ဖြစ်တာလား။ အပြည်ပြည်ဆိုင်ရာ စွမ်းအင် အေဂျင်စီမှ ခန့်မှန်းချက်အရ ကာဗွန် ဓာတ်ပြယ်ခြင်း ဖော်ဆောင်လိုပါက ၂၀၂၃ ခုနှစ် တစ်ကမ္ဘာ လုံးမှာ စွမ်းအင်သစ်သုံး မော်တော်ကား ဝယ်လိုမှုပမာဏဟာ အစီးရေ ၄၅ သန်းအထိ ရှိမယ်။ ဆိုလိုတာက ကမ္ဘာ့ အကြီးဆုံး ဆက်တိုက်ပြုလုပ်နိုင်တဲ့စွမ်းအင်ဈေးကွက်နဲ့ စက်ကိရိယာများ ထုတ်လုပ် ရေးနိုင်ငံ အဖြစ် တရုတ်နိုင်ငံရဲ့ အရည်အသွေးမြင့် ကုန်ထုတ်လုပ်မှုဟာ ပိုလျှံလွန်ကဲတာ မဟုတ်ဘဲ ကမ္ဘာ ကြီးက အရေးတကြီး လိုအပ်တာပဲ ဖြစ်တယ်။

အရည်အသွေးကောင်းပြီး ဈေးနှုန်းလည်း သက်သာတဲ့ တရုတ်ပြည်ထုတ် စွမ်းအင်သစ်ကုန်ထုတ်လုပ်မှု ကုန်ပစ္စည်းများ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ဖို့ တားမြစ်ခြင်းဟာ စားသုံးသူများရဲ့ အကျိုးစီးပွားကို ထိခိုက်ရုံသာမက တစ်ကမ္ဘာ လုံး အစိမ်းရောင် အသွင် ကူးပြောင်းခြင်းနဲ့ ထွန်းသစ်စလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း နှောင့်နှေးစေမယ်ဆိုတာ အမေရိကန်က သိသင့်ပါကြောင်း China Media Group မှ သတင်းဆောင်းပါးတစ်ပုဒ်မှာ ရေးသားဖော်ပြထားပါသည်။