နိုင်ငံတကာအကြမ်းဖက်ဝါဒသည် ၂၁ရာစုနှစ်တွင် ရင်ဆိုင်နေရသည့် အပြင်းထန်ဆုံးသော လုံခြုံရေးခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသေးကြောင်း ပူတင် ဆို

(GMT+08:00)2024-04-25 15:53:54  

 ရုရားနိုင်ငံသမ္မတ ပူတင် က နိုင်ငံတကာအကြမ်းဖက်ဝါဒသည် ၂၁ရာစုနှစ်တွင် ရင်ဆိုင်နေရသည့် အပြင်းထန်ဆုံးသော လုံခြုံရေးခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသေးကြောင်း ဧပြီလ ၂၄ရက်နေ့က ပြောကြားခဲ့ပါသည်။
    ၁၂ကြိမ်မြောက် လုံခြုံရေးရေးရာ အဆင့်မြင့်အရာရှိများ အစည်း အဝေးတွင် ဗီဒီယိုပုံစံဖြင့် မိန့်ခွန်းပြောကြားရာတွင် သမ္မတ ပူတင် က ကမ္ဘာ့နိုင်ငံအသီးသီး တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများ၏ ရည်ရွယ်ချက်မှာ အချုပ်အခြာ အာဏာပိုင်ခွင့်ရှိသည့်နိုင်ငံများ၏တည်ငြိမ်ရေးကို ဖျက်ဆီးရန်၊ ၎င်း၏ ဖွံ့စည်းပုံအခြေခံ ဥပေဒ အခြေခံအုတ်မြစ်ကို ဖျက်ဆီးရန်၊ နိုင်ငံများအကြားနှင့် ဘာသာရေးများအကြား မုန်းတီးမှုများကို နှိုးဆော်ရန်ပင် ဖြစ်ကြောင်း၊ ၎င်းအကြမ်းဖက်တိုက်ခိုက်မှုများ၏ နောက်ကွယ်မှာ အစွန်းရောက်အဖွဲ့အစည်းများ ရှိသကဲ့သို့ နိုင်ငံအချို့၏ ထောက်လှမ်းရေး အေဂျင်စီများလည်း ရှိကြောင်း ပြောကြားခဲ့ပါသည်။