စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ် ရာထူးမှ နုတ်ထွက်ရန် စဉ်းစား

(GMT+08:00)2024-04-25 15:51:55  

စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ် ရာထူးမှ နုတ်ထွက်ရန် စဉ်းစားနေကြောင်းကြေညာချက်အတွက်  ဆွေးနွေးရန် စပိန်နိုင်ငံ အစိုးရသည် အရေးပေါ် အစည်းအဝေးတစ်ရပ်ကို ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပခဲ့သည်ဟု စပိန်ဝန်ကြီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ ထိုနေ့အစောပိုင်းတွင် စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်သည် ဇနီးဖြစ်သူ၏ အကျင့်ပျက်ခြစားမှုအပေါ် တရားရုံးက စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်ပြီးဖြစ်သောကြောင့် မိမိသည် ရာထူးမှနုတ်ထွက်ရန် စဉ်းစားနေသည်ဟု ဆိုရှယ်မီဒီယာတွင် အိတ်ဖွင့်ပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။