နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းအား ကန့်ကွက်သည့်အနေဖြင့် ဂျပန်လူမျိုး ၁ သိန်း ကျော်တို့က ဝန်ကြီးချုပ်ထံ ပန်ကြားစာတင်သွင်း

(GMT+08:00)2024-04-25 15:51:16  

ဒေသစံတော်ချိန် ၂၄ ရက်နေ့တွင် ဖူကူရှီးမား အမှတ်(၁) နျူကလီးယား လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ နျူကလီးယား ညစ်ညမ်းရေများ ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းကို ကန့်ကွက်ကြသည့် ဂျပန်နိုင်ငံ အရပ်ဘက် အဖွဲ့အစည်းများမှ ပြည်သူများ လက်မှတ်ရေးထိုးထားသည့် ပန်ကြားစာကို စီးပွားရေးလုပ်ငန်း ဝန်ကြီးဌာနမှတစ်ဆင့် ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ ထံသို့ တင်သွင်းခဲ့ကြောင်း ဂျပန် တိုကျိုရှင်ဘွန်း သတင်းစာမှ သတင်းအရ သိရပါသည်။ အဆိုပါ ပန်ကြားစာတွင် ဂျပန်ပြည်သူ စုစုပေါင်း ၁၈၄,၇၁၂  ဦး လက်မှတ်ရေးထိုးကြပြီး နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းကို ရပ်စဲရန် တောင်းဆိုထားသည်။ ထိုနေ့တွင် သက်ဆိုင်ရာ ကိုယ်စားလှယ်များက တိုကျိုမြို့ရှိ အောက်လွှတ်တော် ဒုတိယခန်းမမှာ စီးပွားရေးလုပ်ငန်း ဝန်ကြီးဌာနမှ ဝန်ထမ်းများထံ ပန်ကြားစာကို တင်သွင်းခဲ့ပြီး နျူကလီးယား ညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းသည် နျူကလီးယားဆိုင်ရာ မတော်တဆမှု များကို  ဘေးဒဏ်ခံရသူများအား ဆုံးရှုံးမှုများအတင်းအဓ္ဓမ ခံယူစေခြင်းဖြစ်သည့်အတွက် နူကလီးယား ညစ်ညမ်းရေ ဖြေရှင်းနည်းကို ပြန်လည်သုံးသပ်ရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း ပြောကြားသည်။