China Media Group၏ ၂၀၂၄ခုနှစ် "တရုတ်ဘာသာစကားနေ့" လှုပ်ရှားမှုများကို နိုင်ငံရပ်ခြား တရုတ်ဘာသာသင်တန်းများတွင် အောင်မြင်စွာ ကျင်းပ

(GMT+08:00)2024-04-25 15:54:54  

  မကြာမီက China Media Groupမှ စီစဉ်ကျင်းပသော ၂၀၂၄ခုနှစ် " တရုတ်ဘာသာစကားနေ့" ကုလသမဂ္ဂတရုတ်ဘာသာစကားနေ့လှုပ်ရှားမှုများကို မြောက်အမေရိက၊ ဥရောပ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကရှိ တက္ကသိုလ်ကောလိပ်များနှင့် တရုတ်ဘာသာစကားသင်ကျောင်းများတွင် အောင်မြင်စွာ ကျင်းပခဲ့၍  ပြည်ပမှ တရုတ်ဘာသာစကားသင်ယူသူများသည် China Media Group၏ အရည်အသွေးမြင့်မားသော အစီအစဉ်များကို ကြည့်ရှုသည့်တစ်ချိန်တည်းတွင် ရှေးကဗျာများလည်း ရွတ်ဆိုကာ တရုတ်ဘာသာစကား၏ အနှစ်သာရကို ခံစားနိုင်ခဲ့ကြပါသည်။