သင်္ကြန်ပွဲတော်ကာလအတွင်း ထိုင်းနိုင်ငံ၏ ခရီးသွားဝင်ငွေသည် ထိုင်းဘတ်ငွေ ၁၄၀ ဘီလီယံ ကျော် ရ ရှိ

(GMT+08:00)2024-04-24 12:57:26  

    ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး Suthawan က ဧပြီလ ၁ ရက်နေ့မှ ၂၁ ရက်နေ့ အထိ ထိုင်းနိုင်ငံ၏ သင်္ကြန်ပွဲတော်ကာလအတွင်း စုစုပေါင်း ခရီးသွား ဝင်ငွေ သည် ထိုင်းဘတ်ငွေ ၁၄၀ ဘီလီယံကျော်ရှိ၍ ယမန်နှစ်အလားတူ အချိန်ကာလကထက် ၃၇.၅၄ ရာခိုင်နှုန်း တိုးများလာကြောင်း ဧပြီလ ၂၃ ရက်နေ့တွင် ဘန်ကောက်မြို့၌ ပြောကြား ခဲ့ပါသည်။

    အဆိုပါ နိုင်ငံခြား ခရီးသွားဦးရေ စုစုပေါင်း ၁.၉၂ သန်းကျော်ရှိသည့်အနက် တရုတ်နိုင်ငံမှ ခရီးသွားဦးရေ ၃၉၅၀၀၀ ဖြင့် ပထမနေရာတွင်ရှိပြီး၊ မလေးရှားနိုင်ငံမှခရီးသွားဦးရေ ၂၉၈၀၀၀ ဖြင့် ဒုတိယနေရာနှင့် အိန္ဒိယနိုင်ငံမှခရီးသွာ ဦးရေ ၁၁၄၀၀၀ဖြင့် တတိယ နေရာ တွင် အသီးသီး ရှိနေကြောင်း သတင်းအရ သိရှိရ သည်။