မလေးရှားမှ ရဟတ်ယာဉ်နှစ်စင်း တိုက်မိမှုကြောင့် ရဟတ်ယာဉ်ပေါ်ပါ လူအားလုံး သေဆုံး

(GMT+08:00)2024-04-24 12:37:58  

ဒေသစံတော်ချိန် ဧပြီလ ၂၃ ရက်နေ့က မလေးရှား ရေတပ်မှ ရဟတ်ယာဉ်နှစ်စင်းသည် ကောင်းကင်ပေါ်တွင် တိုက်မိပြီးနောက် ပျက်ကျခဲ့သည်။ ရဟတ်ယာဉ်နှစ်စင်းပေါ်တွင် အမှုထမ်း ၁၀ ဦးပါရှိပြီး ပဏာမအစီရင်ခံစာအရ အသက်ရှင်ကျန်ရစ်သူမရှိကြောင်း သိရပါသည်။