ဂါဇာဆေးရုံတွင် ရုပ်အလောင်းအများအပြား တွေ့ရှိပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အစ္စရေး စစ်တပ်က ငြင်းဆို

(GMT+08:00)2024-04-24 12:29:01  

ဂါဇာဒေသတောင်ပိုင်းရှိ Khan Younis မှ အစ္စရေးစစ်တပ်များ ဆုတ်ခွာသွားပြီးနောက် ဧပြီလ ၁၉ ရက်နေ့မှစ၍ ဒေသခံNasser ဆေးရုံတွင် ရုပ်အလောင်းအများအပြားကို တွေ့ရှိခဲ့သည်။ ဒေသ စံတော်ချိန် ဧပြီလ ၂၃ ရက်နေ့ တွင် ပါလက်စတိုင်း ရှာဖွေကယ်ဆယ်ရေး ဝန်ထမ်းများသည် အဆိုပါဆေးရုံတွင် နောက်ထပ် ရုပ်အလောင်း ၃၅ လောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ လက်ရှိတွင် ရှာဖွေ ကယ်ဆယ်ရေး ဝန်ထမ်းများသည် Nasserဆေးရုံတွင် ရုပ်အလောင်း ၃၁၀ ကျော်ကို ရှာဖွေ တွေ့ရှိခဲ့သည်။ ၎င်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို အစ္စရေးစစ်တပ်မှ ပြုလုပ်သည်ဟု ပြောသံကြားရသော်လည်း အစ္စရေးစစ်တပ်က ငြင်းဆိုထား ကြောင်း သတင်းအရ သိရှိရသည်။