တရုတ်နိုင်ငံတစ်ဝှမ်းတွင် ပြည်သူ့ရေတပ်တည်ထောင်ခြင်း ၇၅ နှစ်ပြည့် အခမ်းအနားကို ပုံစံအမျိုးမျိုးဖြင့် ကျင်းပ

(GMT+08:00)2024-04-24 12:55:58  

ယခုနှစ် ဧပြီလ၂၃ ရက်နေ့သည် တရုတ်ပြည်သူ့ရေတပ်တည်ထောင်ခြင်း ၇၅ နှစ် ပြည့်မြောက်သည့်နေ့ဖြစ်သည်။ ယခုရက်များအတွင်း တရုတ်နိုင်ငံ ဒေသအရပ်ရပ်တွင် ရေတပ်တည်ထောင်ခြင်း ၇၅ နှစ် ပြည့်မြောက်ခြင်းကို ဂုဏ်ပြုရန် စစ် စခန်း တံခါး ဖွင့်ခြင်း၊ မီးထွန်းပွဲ၊ စစ် တေးဂီတဖျော်ဖြေပွဲ၊ အလံတင်ခြင်း၊ စစ်သင်္ဘောမျိုးစုံ ဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး ပြသခြင်း စသော အထိမ်းအမှတ် လှုပ်ရှားမှုများကို ကျင်းပခဲ့ ပါသည်။