၂၀၂၄ခုနှစ် ကုလသမဂ္ဂ တရုတ်ဘာသာစကားနေ့နှင့် စတုတ္ထအကြိမ်မြောက် China Media Group ပင်လယ်ရပ်ခြား ပုံရိပ်ပွဲတော်ကို ကျင်းပ

(GMT+08:00)2024-04-24 13:05:56  

ဧပြီလ ၂၃ရက်နေ့က China Media Group ၊ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂရုံး၊ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြား နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့တို့ ပူးတွဲကျင်းပသော ၂၀၂၄ ခုနှစ် ကုလသမဂ္ဂ တရုတ်ဘာသာစကားနေ့နှင့် စတုတ္ထအကြိမ်မြောက် China Media Group ပင်လယ်ရပ်ခြားပုံရိပ်ပွဲတော်ကို ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂရုံး Palais des Nations တွင် ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံ သည် ဗီဒီယိုပုံစံဖြင့် မိန့်ခွန်းပြောကြားခဲ့ပါသည်။ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂရုံး ဒါရိုက်တာချုပ် Tatiana Valovaya ၊ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာနှင့် ဆွစ်ဇာလန်နိုင်ငံရှိ အခြား နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ်၊ သံအမတ်ကြီး Chen Xu တို့သည် အခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းအသီးသီးပြောကြားခဲ့ပါသည်။ ဂျီနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဆိုင်ရာ ဘယ်လ်ဂျီယံ၊ ဂျာမဏီ၊ နယ်သာလန်၊ ဘရာဇီးနှင့် အီရတ်စသည့်နိုင်ငံ ၅၀ကျော်မှ အမြဲတမ်းကိုယ်စားလှယ်များနှင့် လူငယ်သံတမန်အရာရှိများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ အရာရှိ ၃၀၀ကျော် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။