အမေရိကန်က “တရုတ် လျှပ်စစ်ကားများ ခြိမ်းခြောက်မှု ဖြစ်စေခြင်း“ကို ဝါဒဖြန့်တဲ့ ဖြစ်စဉ်

(GMT+08:00)2024-04-24 12:33:41  

   မကြာခင်က ဘိုင်ဒန်အစိုးရဟာ “နိုင်ငံရဲ့ လုံခြုံမှုကို ခြိမ်းခြောက်မှု ဖြစ်စေခြင်း“ အကြောင်းပြချက်နဲ့ တရုတ်ပြည်ထုတ် လျှပ်စစ်ကားများကို စုံစမ်းစစ်ဆေးမယ်လို့ ကြေညာခဲ့တယ်။ ဒီတော့ တရုတ်ပြည်ထုတ် လျှပ်စစ်ကားများ ဒေတာ အချက်အလက်များကို ခိုးယူနိုင်လား ဆိုတဲ့ ဆွေးနွေးသံ တိုးလာပါတယ်။ ဒါနဲ့ အမေရိကန်ရဲ့ စုံစမ်းစစ်ဆေးမှုရဲ့ အထောက်အထားက ဘာလဲ။

  သက်ဆိုင်ရာတို့က Modeling နည်းပညာနဲ့ AI database ကနေ အောက်ပါ အချက်အလက်များကို တွေ့ရှိခဲ့တယ်။

  တရုတ်ပြည်ထုတ် လျှပ်စစ်ကားဆိုင်ရာ သတင်း ရှာဖွေ ဖတ်ရှုမှု ပမာဏဟာ တစ်လျှောက် လုံး ဆိုသလို မှန်မှန် ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ရုတ်တရက် တိုးများလာခဲ့တယ်။ အဲဒီအချိန်တုန်းက ဘာတွေ ဖြစ်ခဲ့တာလဲ။ AI database ကနေ စာတစ်စောင်ကို ရှာဖွေ တွေ့ရှိခဲ့တယ်။ အဲဒါဟာ အမေရိကန် လွှတ်တော် အမတ် လေးယောက်က အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ထံသို့ ရေးတဲ့စာတစ်စောင် ဖြစ်တယ်။ စာထဲမှာ ရည်ညွှန်းတာဟာ တရုတ်ပြည်ထုတ် အလိုအလျောက်မောင်းနင်တဲ့ မော်တော်ကား ဖြစ်ပြီး တရုတ်ကုမ္ပဏီများက အမေရိကန် ကယ်လီဖိုးနီးယားမှာ မှတ်ပုံတင်ပြီး စမ်းသပ်မှု ပြုလုပ်တဲ့ ရည်ရွယ်ချက်ဟာ ပိုမို များပြားတဲ့ အမေရိကန် နိုင်ငံသားတွေရဲ့ ဒေတာ အချက်အလက်တွေကို ရရှိဖို့ ဖြစ်တယ်လို့ ဖော်ပြ ခဲ့တယ်။

   တကယ် ဒီလိုဖြစ်တာလား၊ သက်ဆိုင်ရာတို့က ကယ်လီဖိုးနီးယား ပြည်နယ် မော်တော်ကား စီမံခန့်ခွဲရေးဦးစီးဌာနရဲ့ ဝက်ဘဆိုက်မှာ တရုတ်လုပ်ငန်းကုမ္ပဏီရဲ့ မော်တော်ကားဆိုင်ရာ အချက်အလက်တွေကို ရှာကြည့်တော့ ၂၀၂၂ ခုနှစ်အတွင်း စုစုပေါင်း တရုတ် ကုမ္ပဏီ ၇ ခုမှ မော်တော်ကား ၁၂၄ စီး ရှိပြီး ၂၀၂၃ ခုနှစ်အတွင်း စုစုပေါင်း တရုတ်ကုမ္ပဏီ ၄ ခုက ကား ၇၄ စီးသာ ရှိခဲ့တာကို တွေ့ခဲ့ရတယ်။ ၂၀၂၃ ခုနှစ်မှာ တရုတ်မော်တော်ကားကုမ္ပဏီ Pony.ai မှ စမ်းသပ်မော်တော်ကား ၄၄ စီးဟာ ဒီစာရင်းထဲမှာ ပျောက်ဆုံးနေ တာကို တွေ့ရှိခဲ့တယ်။

   အထက်ပါစာထဲမှာ Pony.ai ဟာ ဒေတာအချက်အလက်များကို ခိုးယူတဲ့ စံနမူနာ အဖြစ် အထူး တင်ပြခံထားခဲ့တယ်။ ဒါနဲ့ Pony.ai ဟာ အဲဒါကြောင့် ကယ်လီဖိုးနီးယားမှ နှင်ထုတ် ခံခဲ့ရတာလား။ သက်ဆိုင်ရာတို့က Pony.ai ရဲ့ ကယ်လီဖိုးနီးယားမှ ထွက်ခွာတဲ့ အချိန်ကို ရှာဖွေကြည့်ရှုတော့ ၂၀၂၂ ခုနှစ် မေလ ဖြစ်တာကို တွေ့ရှိခဲ့တယ်။

   ကားတောင်မရှိဘူး၊ ဒေတာအချက်အလက်တွေကို ဘယ်လို ခိုးယူတာလဲ။ ဒီလိုမျိုး မုသားစကား ပြည့်နှက်ပြီး အကြောင်းမရှိ အကြောင်းရှာ ဖြစ်တဲ့ စာတစ်စောင်ဟာ အမေရိကန်က တရုတ်ပြည်ထုတ် မော်တော်ကားများကို စုံစမ်းစစ်ဆေးတဲ့ အစပြုခြင်း ဖြစ်ပါတယ်။

   ယခုနှစ်အတွင်း တရုတ် လျှပ်စစ်ကားများ တင်ပို့မှု ဒေတာများအရ မြင့်မားတဲ့ အခွန်ကောက်ယူမှု အပါအဝင် အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှု မူဝါဒများကြောင့် အမေရိကန် သို့ တင်ပြတဲ့ တရုတ်ပြည်ထုတ် လျှပ်စစ်ကား ပမာဏဟာ လျစ်လျူရှုလို့တောင် ရတဲ့အထိ ရှားပါးခဲ့တယ်။

  အမေရိကန်ဟာ စီးပွားရေးကို နိုင်ငံရေးကိစ္စဖြစ်အောင် လုပ်နေပြီး တရုတ်ပြည်ထုတ် လျှပ်စစ်ကားများကို အမေရိကန် ဈေးကွက်သို့ ဝင်ရောက်ဖို့ တားမြစ်ရန်အတွက် လူအများရဲ့ ဒေတာလုံခြုံမှုအပေါ် စိုးရိမ်မှုတွေ ဖြစ်လာအောင် တမင် လုပ်ဆောင်နေတာပဲလို့ သက်ဆိုင်ရာတို့က ဖြစ်ရပ်မှန်များကို တင်ပြီး ထောက်ပြခဲ့ကြပါတယ်။