ရှီကျင့်ဖိန် သည် ပထမဆုံး အကြိမ် “တရုတ်-လက်တင် အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများ အကြား အာကာသ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်”သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-04-24 13:13:20  

    ယခုလ ၂၄ရက်နေ့တွင် တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပထမဆုံး အကြိမ်“တရုတ်-လက်တင် အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအကြား အာကာသ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်”သို့ ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

    ရှီကျင့်ဖိန်က မကြာခင် နှစ်များတွင် တရုတ်-လက်တင် အမေရိက နိုင်ငံများ အကြားရှိ အာကာသ လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများတွင် အောင်ကျိုးရလဒ်များစွာ ရရှိခဲ့ကြောင်း၊ တရုတ် နိုင်ငံသည် လက်တင် အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများနှင့် အတူ ပထမဆုံး အကြိမ်“တရုတ်-လက်တင် အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအကြား အာကာသ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်”ကို အစပျိုးလှုပ်ရှားမှု အဖြစ် ထားရှိပြီး အဆင့်မြင့်မားသော တရုတ်-လက်တင် အမေရိက အာကာသ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို တည်ဆောက်ကာ အာကာသ နည်းပညာကို နှစ်ဖက် ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုစေရန် တိုးမြှင့်၍ တရုတ်-လက်တင် အမေရိက ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို ဆက်တိုက် တွန်းအားပေးလိုကြောင်း ဂုဏ်ပြု သဝဏ်လွှာတွင် ရေးသားဖော်ပြထားပါသည်။

    ပထမဆုံး အကြိမ် “တရုတ်-လက်တင် အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများအကြား အာကာသ လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်”ကို ထိုနေ့က ဟူပေပြည်နယ် ဝူဟန့်မြို့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။