ပါလက်စတိုင်းနိုင်ငံကို တရားဝင် အသိအမှတ်ပြုကြောင်း ဂျမေကာ ကြေညာ

(GMT+08:00)2024-04-24 13:08:49  

ဂျမေကာနိုင်ငံခြားရေးဝန်ကြီး Kamina Johnson Smith က ဂျမေကာနိုင်ငံအနေဖြင့် ပါလက်စတိုင်း-အစ္စရေးနှစ်နိုင်ငံတည်ရှိရေးအဆိုပြုချက်ကို ဆက်လက်ထောက်ခံမည် ဖြစ် ကြောင်း၊ ၄င်းမှာ ရေရှည်အချင်းပွားမှုကို ကိုင်တွယ်ဖြေရှင်းရန်၊ အစ္စရေးနိုင်ငံ၏ လုံခြုံရေးကို အာမခံပေးရန်၊ ပါလက်စတိုင်းတို့၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို ကာကွယ် ထိန်းသိမ်းရန် တစ်ခုတည်းသော ရွေးချယ်မှုပင် ဖြစ်ကြောင်း၊ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုခြင်းဖြင့် ဂျမေကာနိုင်ငံသည် ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းရေးအဆိုပြုချက် အတွက် စည်းရုံးလှုံ့ဆော်မှုကို အားကောင်းစေကြောင်း၊ ၄င်းဆုံးဖြတ်ချက်မှာ ဂျမေကာ နိုင်ငံ၏ ခိုင်မာသော ကတိကဝတ်နှင့် ကိုက်ညီကြောင်း ပြောကြားခဲ့ပါသည်။
    Kamina Johnson Smith က ဂါဇာဒေသတွင် ဖြစ်ပွားနေသော အချင်းပွားမှုနှင့် အဆက်မပြတ် ဆိုးဝါးလာသော လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းအပေါ် ဂျမေကာနိုင်ငံ၏ အာရုံစိုက်မှုကို ထပ်လောင်း ပြောကြားသည့်အပြင် ဂျမေကာ အစိုးရသည် စစ်ရေးဆောင်ရွက်မှုဖြင့်မဟုတ်ဘဲ သံတမန်ရေးဆွေးနွေးပွဲကျင်းပခြင်းဖြင့် ပါလက်စတိုင်း- အစ္စရေးအချင်းပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် ပန်ကြားကြောင်း အလေးထား ပြောကြားခဲ့ ပါသည်။