"တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု ပိုလျှံလွန်ကဲမှု" ပြောဆိုချက်ကို တရုတ်သံအမတ်ကြီးက ချေပ

(GMT+08:00)2024-04-23 12:06:31  

ဒေသစံတော်ချိန် ဧပြီလ ၂၁ ရက်နေ့က အမေရိကန်နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ရှဲ့ဖုန်းသည် Harvard တက္ကသိုလ်၌ ခရီးလှည့်လည်ခဲ့စဉ်တွင် "တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု ပိုလျှံလွန်ကဲမှု" ပြောဆိုချက်ကို ချေပခဲ့ပြီး ထုတ်လုပ်မှု ပိုလျှံလွန်ကဲသည် မဟုတ်ဘဲ စိုးရိမ် ပူပန်မှု ပိုလျှံလွန်ကဲနေသည် သာ ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ရှဲ့ဖုန်းက ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေရှင်းရာတွင် တစ်ကမ္ဘာလုံး တစ်ပြေးညီ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် အစိမ်းရောင် ထုတ်ကုန် ထုတ်လုပ်မှုသည် ပိုလျှံလွန်ကဲသည် မဟုတ်ဘဲ အလွန်အမင်း မဖူလုံခြင်း ဖြစ်ကြောင်း၊ တစ်ဖက်မှာ ရာသီဥတု ရင်ဆိုင်ဖြေရှင်းရေးကို တအား ဝါဒဖြန့်နေပြီး တစ်ဖက်မှာမူ အစိမ်း ရောင် ကုန်ပစ္စည်းဆိုင်ရာ ကုန်သွယ်မှု အဟန့်အတားများ ထားရှိသည့် လုပ်ရပ်သည် ကာဗွန် နည်း အသွင်ကူးပြောင်းခြင်းဆိုင်ရာ ကုန်ကျစရိတ်များ တိုးစေမည်သာ ဖြစ်သည့် အပြင် နိုင်ငံ တကာ သန့်ရှင်း စွမ်းအင် ဖွံ့ဖြိုးရေး ခြေလှမ်းကိုလည်း နှောင်နှေး စေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။