ကမ္ဘောဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟုန်ဆန်သည် ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00)2024-04-23 14:33:17  

   ဒေသစံတော်ချိန် ဧပြီလ ၂၂ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ဖနွမ်းပင်မြို့၌ ကမ္ဘော ဒီးယား အထက်လွှတ်တော် ဥက္ကဋ္ဌ ဟုန်ဆန်နှင့် တွေ့ဆုံခဲ့ပါသည်။

   ဝမ်ယိက သမ္မတ ရှီကျင့်ဖိန်နှင့် ကမ္ဘောဒီးယား ခေါင်းဆောင်များ၏ မဟာဗျူဟာမြောက် ဦးဆောင်မှုဖြင့် တရုတ်နှင့် ကမ္ဘောဒီးယား ကံကြမ္မာတူ အသိုက်အဝန်း တည် ဆောက် ခြင်း သည် အရည်အချင်းမြင့်၊ အရည်အသွေးမြင့်နှင့် စံချိန်စံနှုန်းမြင့် ဖြစ်သည့် ခေတ်သစ်သို့ တက်လှမ်းလာပြီ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံနှင့်အတူ နိုင်ငံတော် စီမံခန့်ခွဲရေး အတွေ့အကြုံများ ကူးလူးဖလှယ်မှုကို တိုးမြှင့်ပြီး ဥပဒေပြုရေး ဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ ပါတီချင်း ကူးလူးဆက်ဆံမှုကို တွန်းအားပေး၍ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမို များပြားသော ချမ်းသာသုခများကို ဆောင်ကြဉ်း ပေးလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

   ဟုန်ဆန်က နှစ်ဖက်အကြား ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်များကို တစ်ဆင့်တိုး တိုးချဲ့လာရန်၊ ပိုမိုများပြားသော ပရောဂျက်များကို ဖော်ဆောင်လာရန်၊ နှစ်နိုင်ငံ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးတွင် တိုးတက်မှုသစ် အဆက်မပြတ် ရရှိနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။