တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိက အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken ၏ တရုတ်ခရီးစဉ်အကြောင်းကို ပြောကြား

(GMT+08:00)2024-04-23 14:32:38  

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken သည် ဧပြီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ တရုတ်နိုင်ငံကို လာရောက် ခရီး လှည့်လည်မည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီလ ၂၂ ရက်နေ့တွင် ကြေညာခဲ့သည်။

ဧပြီလ ၂၂ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန မြောက်အမေရိကနှင့် အိုရှင်နီယာရေးရာ ဌာနမှ သက်ဆိုင်ရာအရာရှိသည် Blinken ၏ တရုတ် ခရီးစဉ် အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

၎င်းက ယခုအကြိမ် Blinken ၏ တရုတ်ခရီးစဉ်နှင့် ပတ်သက်ပြီး တရုတ်နိုင်ငံသည် ရည်မှန်းချက် ငါးရပ်ကို အာရုံစိုက်နေကြောင်း၊ ယင်းတို့သည် ၁။ မှန်ကန်သော နားလည် သိရှိမှုကို ထားရှိရန် ၂။ ဆွေးနွေးမှုကို အားဖြည့်ရန် ၃။ သဘောကွဲလွဲမှုများကို ထိရောက်စွာ ထိန်းချုပ်ရန် ၄။ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန်နှင့် နိုင်ငံကြီးများ အဖြစ်ဖြင့် တာဝန်ဝတ္တရားများကို လက်တွဲ ထမ်းဆောင်ရန်တို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။