ရှီကျင့်ဖိန်သည် ချုံချင့်မြို့တွင် လေ့လာကြည့်ရှု

(GMT+08:00)2024-04-23 15:01:06  

  ဧပြီလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ချုံချင့်မြို့သို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပါသည်။ ရှီကျင့်ဖိန်သည် ချုံချင့်မြို့ အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေး ဗဟိုချက်မဇုန်၊ ကျိုလုံဖို မြို့နယ် မင်ကျူရွာ လူနေရပ်ကွက်၊ ချုံချင့်မြို့ ဒစ်ဂျစ်တယ် မြို့ပြ လည်ပတ်ရေးနှင့် စီမံခန့်ခွဲရေးစင်တာသို့ ရှေ့ဆင့် နောက်ဆင့် သွားရောက်ခဲ့ပြီး၊ ဒေသခံ အနောက်ပိုင်းဒေသ ကုန်တွင်းနှင့် ပင်လယ်ပြင် လမ်းမကြီးသစ် လျင်မြန်စွာ တည်ဆောက်ခြင်း၊ မြို့ပြ ဆန်သစ်ရေး၊ လူထုနေထိုင်မှုဘဝ အာမခံ ပေးရေးနှင့် တိုးတက် ကောင်းမွန်ရေးအခြေအနေ၊ မြို့ပြစီမံခန့်ခွဲမှု ခေတ်မီရေး အဆင့်အတန်း စသည်တို့ကို လေ့လာ ကြည့်ရှုခဲ့ပါသည်။