ပါကစ္စတန်နှင့် အီရန်တို့သည် နယ်ပယ်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့

(GMT+08:00)2024-04-23 12:15:44  

ဒေသစံတော်ချိန် ဧပြီလ ၂၂ ရက်နေ့က ပါကစ္စတန်နှင့် အီရန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ပါကစ္စတန်ဝန်ကြီးချုပ်ရုံး၌ ကျင်းပခဲ့ ပြီး ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ်နှင့် အီရန်သမ္မတ ရိုင်စီ တို့ တက်ရောက်ခဲ့ကြသည်။  နှစ်နိုင်ငံ လွတ်လပ်သော စီးပွားရေးဇုန် ထူထောင်ရေးနှင့် တရားမရေးရာတရားရေး ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နယ်ပယ် ရှစ်ခုတွင် ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြ သည်။

အီရန်သမ္မတ ရိုင်စီ သည် အစ္စလာမာဘတ်တွင် ပါကစ္စတန် ဝန်ကြီးချုပ် ရှာဘတ်ဇ် နှင့် ပူးတွဲ သတင်းစာ ရှင်းလင်း ပွဲ၌ နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြော ကြား ခဲ့သည်။