ကင်ဂျုံအန်းက နျူကလီယား တန်ပြန်တိုက်ခိုက်ရေး နည်းဗျူဟာ လေ့ကျင့်မှုကို ညွှန်ကြား

(GMT+08:00)2024-04-23 12:30:44  

မြောက်ကိုရီးယားနိုင်ငံ စူပါအကြီးစား ဒုံးကျည် အမြောက်တပ်၏ လေ့ကျင့်မှုကို ဧပြီလ၂၂ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်ခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းဌာနမှ ဧပြီလ ၂၃ ရက်နေ့ ထုတ် သတင်းအရ သိရပါသည်။ မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် စူပါအကြီးစား ဒုံးကျည် အမြောက်တပ် ပါဝင်သော နျူကလီယား တန်ပြန်တိုက်ခိုက်ရေး အထွေထွေ နည်းဗျူဟာ လေ့ကျင့်မှုကို ညွှန်ကြားခဲ့သည်။

ဧပြီလ ၁၂ ရက်နေ့ကစပြီး တောင်ကိုရီးယားရှိ ကွန်ဆန် လေတပ် အခြေစိုက်စခန်းသို့ စစ်လေယာဉ် ၁၀၀ ကျော်ကို ပို့ဆောင်ပြီး တောင်ကိုးရီးယား-အမေရိကန်  ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ကာ အဆိုပါ ဆောင်ရွက်မှုများသည် မြောက်ကိုရီးယားအား ရည်ရွယ်ထားခြင်းကို ကြေညာခဲ့သည့် အတွက် မြောက်ကိုရီးယားအား ပြင်းထန်စွာ ခြိမ်းခြောက်နေခြင်း ဖြစ် ကြောင်း၊ ထို့ကြောင့် မြောက်ကိုရီးယားဘက်သည် အဆိုပါလေ့ကျင့်မှုကို ပြုလုပ်ခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းဌာနမှ ဧပြီလ ၂၃ ရက်နေ့ထုတ် သတင်းအရ သိရပါသည်။