ဖိလစ်ပိုင်က သဘောတူညီချက်ကို အကြိမ်ကြိမ် ငြင်းဆိုတာ၊ ဘာကိုစိုးရိမ်နေတာလဲ၊ ဘာကို ဖုံးကွယ်ချင်တာလဲလို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-04-23 12:07:06  

ဧပြီလ ၂၂ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ဦးစီးကျင်းပတဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ဦးက ဖိလစ်ပိုင် နိုင်ငံတော်လုံခြုံရေး အတိုင်ပင်ခံ အာနိုက ၂၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြီး ယခုအကြိမ် အစိုးရက ဖိလစ်ပိုင်နဲ့ တရုတ်အကြား လျှို့ဝှက် သဘောတူစာချုပ် သို့မဟုတ် "လူကြီးလူကောင်း သဘောတူစာချုပ်" တစ်စုံတစ်ခု တည်ရှိခြင်းကို မသိဘူး။ တကယ်လို့ ပြီးခဲ့တဲ့အစိုးရက သက်ဆိုင်ရာ သဘောတူစာချုပ် ရရှိခဲ့ပြီ ဖြစ်ရင်လည်း ပယ်ဖျက်လိုက်ပြီ။ သက်ဆိုင်ရာ ပြောဆိုချက်ရဲ့ ရည်ရွယ်ချက်ဟာ ဖိလစ်ပိုင်မှာ သွေးခွဲမှု ပြုလုပ်ဖို့နဲ့ တောင် ပင်လယ်မှာ ဖိလစ်ပိုင်ရဲ့ အချုပ်အခြာအာဏာ ထိန်းသိမ်းဖို့ ဖိလစ်ပိုင်ရဲ့ သန္နိဋ္ဌာန်ကို လျှော့ချဖို့ ဖြစ်တယ်လို့ ပြောခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး တရုတ်ပြည်ဘက်က ဘာဝေဖန်ချက်တွေ ရှိပါ သလဲလို့ မေးမြန်းခဲ့ပါတယ်။

 ဝမ်ဝင်ပင်က တရုတ်နဲ့ ဖိလစ်ပိုင်တို့က Ren'ai Reef အခြေအနေကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့ခြင်းဟာ ဖိလစ်ပိုင် အဆက် ဆက်က အစိုးရတွေနဲ့တင်ရရှိခဲ့တာ မဟုတ်ဘဲ လက်ရှိ ဖိလစ်ပိုင်အစိုးရနဲ့လည်း ရရှိခဲ့ခြင်း ဖြစ်တယ်။ အဲဒါဟာ မငြင်းသာသော အဖြစ်မှန် ဖြစ်ပြီး ဖိလစ်ပိုင်မီဒီယာများရဲ့ သတင်း ဖော်ပြ ချက်များ၊ ယခင်အစိုးရ အရာရှိများရဲ့ ဖော်ပြချက်များနဲ့ နှစ်ဖက်တို့ Ren'ai Reef ရေးရာ ကိုင်တွယ်ဖြေရှင်းတဲ့ ဖြစ်စဉ်ကနေ သက်သေများ ရရှိနိုင်တယ်။ ဖိလစ်ပိုင်က အဲဒါကို တစ်ဖက် သတ် ငြင်းဆိုခဲ့တာ ဘာကို စိုးရိမ်နေတာလဲ၊ ဘာကို ဖုံးကွယ်ချင်တာလဲ ဆိုတာ ကျွန်တော်တို့ မသိဘူး။ တရုတ်နဲ့ ဖိလစ်ပိုင်တို့ ရရှိပြီးသား သဘောတူညီမှုကို လိုက်နာရင် Ren'ai Reef အခြေအနေ တည်ငြိမ်မှုကို ထိရောက်စွာ ထိန်းသိမ်းနိုင်ပြီး နှစ်ဖက်တို့ရဲ့ ဘုံ အကျိုးစီးပွားနဲ့ ကိုက်ညီပါတယ်။ ကတိကဝတ်ကို ကျောခိုင်းဖောက်ဖျက်ပြီး အကြိမ်ကြိမ် ရန် စရင် အခြေအနေ ဆိုးရွားစေပြီး ဖိလစ်ပိုင် ကိုယ်တိုင် ဒဏ်ခံလိမ့်ရမည်သာ ဖြစ်တယ်လို့  ဖြေကြားခဲ့ပါတယ်။