ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်သည့် ရောင်စုံဘောလုံး တွေက ဧက ၁ သောင်းရှိတဲ့ ကမာခြံတွေကို အလှဆင် ထား

(GMT+08:00)2024-04-23 13:02:01  

ဧပြီလ ၂၂ ရက်နေ့တွင် ကွမ်တုန်းပြည်နယ် ရှန့်တိုမြို့ နန်အော့ခရိုင်ရှိ တရုတ်ဧက ၁ သောင်း ကျော်ရှိ ကမာမွေးမြူရေးခြံတွင် ရောင်စုံ ရေပေါ်ဘောလုံးအများအပြားပျံ့နှံ့နေသောကြောင့် ရောင်စုံ "သက်တန့်ပင်လယ်" ဖြစ်ပေါ်လာခဲ့သည်။ ပင်လယ်ရေ ညစ်ညမ်းမှုကင်းစေသော ရောင်စုံရေပေါ် ဘောလုံးများသည် ညစ်ညမ်းမှု ဖြစ်စေတတ်သော အဖြူရောင် ရေပေါ်ဘောလုံးများကို အစားထိုး ကာ ကမာတွေကို ချိတ်ဆွဲမွေးမြူပြီး၊ ယင်း ဂေဟစနစ် မွေးမြူခြင်းသည် မွေးမြူရေးကုန်ကျစရိတ်ကို သက်သာစေရုံသာမက ရေဧရိယာ၏ ဂေဟပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရာတွင်လည်း ကောင်းမွန်သော အခန်းကဏ္ဍမှ ပါဝင်နေ ပါသည်။