ထိုင်ဝမ် ဟွာလျန်တွင် ရစ်ချ်တာစကေး ၄အဆင့်နှင့် ၄အဆင့် အထက်ရှိ သော ငလျင် ၂၆ကြိမ် လှုပ်ခတ်ခဲ့

(GMT+08:00)2024-04-23 12:47:53  

    ဧပြီလ ၂၂ရက်နေ့ ညနေ ၅နာရီ ၈မိနစ်မှ ၂၃ရက်နေ့ နံနက် ၃နာရီ ၃၄မိနစ် အထိ တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသ ဟွာလျန်ခရိုင်နှင့် အနီးတစ်ဝိုက်ပင်လယ်ရပ်ဝန်းတွင် ပြင်းအား ရစ်ချ်တာစကေး ၄အဆင့်နှင့် ၄အဆင့်အထက်ရှိ သော ငလျင် စုစုပေါင်း ၂၆ကြိမ် လှုပ်ခတ်ခဲ့ရာ ၄င်းအနက် ရစ်ချ်တာစကေး ၅အဆင့်နှင့် ၅အဆင့်အထက်ရှိသော ငလျင် ၇ကြိမ် လှုပ်ခတ်ခဲ့ပြီး ရစ်ချ်တာစကေး ၆အဆင့့််နှင့် ၆အဆင့်အထက်ရှိ သော ငလျင် လှုပ်ခတ်မှု ၂ကြိမ်ရှိကြောင်း၊ ၄င်းတို့သည် ဧပြီလ ၃ရက်နေ့က ထိုင်ဝမ်ဒေသ ဟွာလျန်ခရိုင် ပင်လယ်ရပ်ဝန်းတွင် ဖြစ်ပွားခဲ့သည့် ရစ်ချ်တာစကေး ၇.၃အဆင့်ရှိ ငလျင်လှုပ်ခတ်မှု၏ နောက်ဆက်တွဲ ငလျင်များ ဖြစ်ကြကြောင်း တရုတ်ငလျင် Networks စင်တာ (China Earthquake Networks Center) ၏ တိုင်းတာချက်အရ သိရပါသည်။