တရုတ်ပြည်သူ့ရေတပ်ထူထောင်ခဲ့သည့် ၇၅နှစ် ပြည့်မြောက်၊ လှိုင်းများကို ဖြတ်ကျော်ပြီး ပင်လယ်ပြင်၌ ကြံ့ခိုင်အောင် ကြိုးပမ်းအားထုတ်

(GMT+08:00)2024-04-23 12:20:14  

၂၀၂၄ခုနှစ် ဧပြီလ ၂၃ရက်နေ့သည် တရုတ်ပြည်သူ့ရေတပ်ထူထောင်ခဲ့သည့် ၇၅နှစ် ပြည့်မြောက်သည့်နေ့ဖြစ်ပါသည်။ လွန်ခဲ့သည့် ၇၅နှစ်တုန်းက ဖမ်းဆီးခဲ့သော အမေရိကန် ဂျစ်ကား ၃စီးတင်သာ တရုတ်ပြည်သူ့ရေတပ်၏ ပိုင်ဆိုင်မှုအားလုံးကို သယ်ဆောင်နိုင်ခဲ့ပါသည်။ ၇၅နှစ် ကြာပြီးသည့်နောက် တရုတ်ပြည်သူ့ရေတပ်သည် မရှိရာမှနေ ရှိရာအထိ၊ အသေးမှနေ အကြီးအထိ၊ အားနည်းရာမှနေ အားကောင်းသည် အထိ အဓိကတပ်ဖွဲ့မျိုး ၅မျိုး ပြည့်စုံပြီး နျူကလီးယားနှင့် သမားရိုးကျ ပြည့်စုံသော တပ်မတော်အဖြစ် ဖွံ့ဖြိုး တိုးတက် လာပါပြီ။