အစ္စရေး၏ ရာဖာ တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ဟု ပြင်သစ်သမ္မတက ထပ်လောင်း ပြောကြား

(GMT+08:00)2024-04-23 12:32:06  

ဒေသစံတော်ချိန် ဧပြီလ ၂၂ ရက်နေ့က ပြင်သစ်သမ္မတ မက်ခရွန် သည် အစ္စရေးဝန်ကြီးချုပ် နေတာညာဟူးကို တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အစ္စရေး၏ ဂါဇာဒေသ တောင်ပိုင်းရှိ Rafah မြို့ တိုက်ခိုက်မှုကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ထပ်လောင်းပြောကြားပြီး ပါလက်စတိုင်းနှင့် အစ္စရေးတို့အကြား အပစ်အခတ်ရပ်စဲရေးကို  ချက်ချင်းရပ်စဲရန်နှင့် ရေရှည် ရပ်စဲရန် ပန်ကြားခဲ့သည်။

မက်ခရွန်က အစ္စရေး၏ ရာဖာကို တိုက်ခိုက်ခြင်းသည် ဂါဇာဒေသ၏ အခြေအနေကို ပိုမို ဆိုးရွားစေပြီး ပဋိပက္ခများ ပိုပြီး မြင့်မားလာစေမည်ဖြစ်ကြောင်းပြောကြားပြီး  "နှစ်နိုင်ငံ စီမံကိန်း"ကို တွန်းအား ပေးရမည် ဖြစ်ပြီး ၎င်းသည် ဒေသတွင်း ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် တစ်ခုတည်းသော နည်းလမ်း ပင်ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့သည်ဟု ပြင်သစ် သမ္မတရုံးမှ ထိုနေ့က ထုတ် ပြန်သော သတင်း အရ သိရပါသည်။