အစ္စရေး စစ်ဘက် အကြီးတန်း အရာရှိများ တစ်ယောက်ပြီး တစ်ယောက် ရာထူးမှ နုတ်ထွက်

(GMT+08:00)2024-04-23 12:15:15  

အစ္စရေးဗဟိုစစ်ဦးစီးဌာနချုပ်၏ စစ်ဦးစီးချုပ် ယဲ့ဟူဒါ ဖို့ကစ် သည် ယခုနှစ် သြဂုတ်လတွင် စစ်တပ်မှ နုတ်ထွက်ပြီး အငြိမ်းစားယူရန် တောင်းဆိုခဲ့ကြောင်း အစ္စရေး၏ “New News” သတင်းစာတွင် ဖော်ပြခဲ့သည်။ ထိုနေ့ အစောပိုင်းတွင် အစ္စရေးနိုင်ငံတော် ကာကွယ်ရေးတပ်ဖွဲ့ စစ်ထောက် လှမ်းရေးဌာနမှ အကြီးအကဲ ဟာလီဗာ လည်း ရာထူးမှ နုတ်ထွက်ရန် လျှောက်လွှာတင်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။