ရာသီအလိုက် တွေ့ရှိနိုင်သော အလှတရား "Glass Sea" ရှုခင်းသည် ကွမ်ရှီး ဝေကျိုးကျွန်း အနီး ပင်လယ်ပြင် တွင် ပေါ်ထွက်

(GMT+08:00)2024-04-23 13:02:46  

ကွမ်ရှီး ပေဟိုင်မြို့ ဝေကျိုးကျွန်း၏ " Glass Sea " ရှုခင်းအလှများသည် ယေဘူယျ အားဖြင့် ဧပြီလမှ မေလအထိ လေနှင့် လှိုင်းများ မပြင်းထန်ပါက ပေါ်လာတတ်ပါသည်။ ရာသီဉတုကောင်းမွန်သောနေ့တွင် ပင်လယ်ရေသည် အလွန်ကြည်လင်နေပြီး ဖောက်ထွင်း မြင်နိုင် သောကြောင့် ဖန်လှေငယ်များသည် ကြည်လင်သော  ပင်လယ်ပြင်ပေါ်တွင် "ဖန်ခွက်"လို မျောပါနေသကဲ့သို့ ဖြစ်နေပါသည်။ "ဖန်ခွက်အောက်မှာ" ရေညှိကြီးတွေ၏ အကွက်တွေက ပင်လယ်အောက်မှာ သစ်တောတွေကို ဖုံးကွယ်ထားသလို ပုံစံမျိုး ဖြစ်နေသည်။