“ရှီကျင့်ဖိန်နှင့်တွေ့ဆုံခြင်း” အပိုင်း (၁၅) ၊ သူဟာ တရုတ်နိုင်ငံဘာလိုအပ်သလဲသိသလို ဘယ်ကိုသွားရမလဲလည်းသိတယ်

(GMT+08:00)2024-04-22 16:22:08  

Galina Kulikova ဟာ ရုရှား-တရုတ်ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ပြည်ပနိုင်ငံသားများအပေါ် အမြင့်ဆုံး ဂုဏ်ပြုဆုတံဆိပ်ဖြစ်တဲ့ “ချစ်ကြည်ရေးဆုတံဆိပ်” ချီးမြှင့်ခြင်းခံရပါတယ်။ Galina Kulikova က “သမ္မတရှီကျင့်ဖိန်ဟာ အမြဲတစေ တရုတ်ပြည်သူတွေနဲ့ရပ်တည်နေပြီး ပြည်သူတွေကြားမှာ ရှိနေပါတယ်။” “သူဟာ တရုတ်နိုင်ငံလိုပဲ တည်ငြိမ်သလို ခိုင်မြဲပါတယ်။” “သူဟာ တရုတ်နိုင်ငံဘာလိုအပ်သလဲသိသလို ဘယ်ကိုသွားရမလဲလည်း သိတယ်” လို့ဆိုပါတယ်။ ဒါကတော့ ရုရှား-တရုတ်ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ (၁) Galina Kulikovaရဲ့ အမြင်ထဲက ရှီကျင့်ဖိန်ပဲဖြစ်ပါတယ်။