ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်သည် နိုင်ငံတကာ လုံခြုံရေး ပြဿနာ ဖြေရှင်းရေး အတွက် အကျိုးပြုဟု နိုင်ငံတကာ ပုဂ္ဂိုလ်များဆို

(GMT+08:00)2024-04-22 16:03:17  


၂၀၂၂ခုနှစ် ဧပြီလ ၂၁ရက်နေ့က တရုတ် နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်သည် ပိုအော် အာရှ ဖိုရမ် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားတွင် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်ကို ပထမဆုံး အကြိမ် အဖြစ် ဖော်ပြပြီး ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ပြဿနာ ဖြေရှင်းရေး အတွက် တရုတ် နည်းလမ်းကို ပံ့ပိုး ပေးခဲ့ပါသည်။

    လွန်ခဲ့သည့် ၂နှစ် အတွင်း တရုတ် နိုင်ငံသည် ဘက်အသီးသီးတို့နှင့် အတူ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်ကို လက်တွေ့ အကောင်အထည် ဖော်ဆောင်ရန် လက်တွဲ တွန်းအားပေးပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး အတွက် တာဝန် ကျေပြွန်စွာ ထမ်းဆောင်ခဲ့ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်သည် နိုင်ငံတကာ လုံခြုံရေး ပြဿနာ ဖြေရှင်းရေး အတွက် အကျိုးပြု စွမ်းဆောင်ခဲ့ကြောင်း နိုင်ငံတကာ ပုဂ္ဂိုလ်များက ပြောကြားခဲ့ပါသည်။