ဂျပန်ခေါင်းဆောင်များအနေဖြင့် ယာဆူကူနီ နတ်ကွန်းအား ပူဇော်ကန်တော့ခြင်းနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း တွေးတောဆင်ခြင်ရန် တရုတ်ပြည် က တိုက်တွန်း

(GMT+08:00)2024-04-22 16:01:08  

ဂျပန်ခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်အဖွဲ့ဝင်အချို့  ယာဆူကူနီ  နတ်ကွန်းသို့ သွားရောက်ပူဇော်ကန်တော့ခြင်းနှင့်ပတ်သက်၍ ဧပြီလ ၂၁ ရက်နေ့က ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။

ယာဆူကူနီ နတ်ကွန်းသည် ဒုတိယကမ္ဘာစစ်ကြီးအတွင်းက Class-A စစ်ရာဇဝတ်ကောင်များကို တရိုတသေ ထိန်းသိမ်းထားကြောင်း၊ ဂျပန် နိုင်ငံရေး သမားများ၏ လုပ်ရပ်သည် သမိုင်းဆိုင်ရာ တရားမျှတမှုကို လျစ်လျူရှုပြီး ဒုက္ခရောက်နေသော နိုင်ငံများမှ ပြည်သူများ၏ စိတ်ခံစားမှုကို ထိခိုက်စေကြောင်း၊ ယင်းကို တရုတ်က ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း၊ ဂျပန်နိုင်ငံ အနေဖြင့် မိမိတို့၏ ကျုးကျော်မှု သမိုင်းကို လေးလေးနက်နက်တွေးတောဆင်ခြင်ရန်၊ သမိုင်းဆိုင်ရာ ကိစ္စရပ်များတွင် သက်ဆိုင်ရာ ရပ်တည်ချက်များနှင့် ကတိကဝတ်များကို လိုက်နာဆောင်ရွက်ရန်နှင့် စစ်အာဏာရှင်ဝါဒကို လုံးဝရှင်းရှင်းလင်းလင်း ခွဲခြားသွားရန် တရုတ်ပြည်က လေးနက်စွာ တိုက်တွန်း ကြောင်း သံရုံးမှ  ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ သည်။