CGTN စစ်တမ်း | ကမ္ဘာတစ်ဝှမ်းမှ ဖြေဆိုသူ ၈၀ ရာခိုင်နှုန်းကျော်သည် ဂျပန်၏ ကျောင်းသုံးသမိုင်းဖတ်စာသစ်တွင် သမိုင်း လိမ်ညာထား ခြင်းကို ပြစ်တင်ရှုတ်ချ

(GMT+08:00)2024-04-22 19:47:04  

ဂျပန်အစိုးရသည် ကျောင်းသုံးသမိုင်းဖတ်စာ ဗားရှင်းအသစ်ကို ထုတ်ဝေခဲ့ရာ စစ်ပွဲတွင် ဂျပန်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု လုပ်ရပ်များကို မှေးမှိန်အားနည်းအောင် ရေးသားခြင်းအပေါ် အာရှနိုင်ငံများမှ ပြည်သူများက လွန်စွာ မကျေမနပ် ဖြစ်လာကြသည်။China Media Group CGTN သည် ကမ္ဘာတစ်ဝှမ်းမှ အင်တာနက်သုံးသူများအား စစ်တမ်းတစ်ရပ် ထုတ်ပြန်ခဲ့ရာ ဖြေဆိုသူ ၈၂.၄၅ ရာခိုင်နှုန်းတို့သည် ကျူးကျော်မှုသမိုင်းအပေါ် ဂျပန်အစိုးရ၏ သဘောထားနှင့် လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြကြောင်း စစ်တမ်းရလဒ်တွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းတွင် ကမ္ဘာတစ်ဝှမ်းမှ ဖြေဆိုသူ ၉၁.၈၂ ရာခိုင်နှုန်းက ဂျပန်နိုင်ငံသည် သမိုင်းတွင် အခြားနိုင်ငံများအား ကျူးကျော်စစ်ပွဲ ပြုလုပ်ခဲ့ဖူးသော နိုင်ငံတစ်နိုင်ငံအနေနှင့် ကျောင်းသုံးသမိုင်းဖတ်စာရေးရာတွင် ပိုမို ချင့်ချင့်ချိန်ချိန် လုပ်သင့်ကြောင်း ဖော်ပြခဲ့ကြသည်။

ဖြေဆိုသူ ၉၀.၂၆ ရာခိုင်နှုန်းက ဂျပန်အစိုးရသည် တပ်တွင်း လိင်ကျွန်နှင့် လုပ်သားအဖြစ် အတင်းအဓမ္မခိုင်းစေခြင်းကိစ္စအတွက် တောင်းပန်ပြီး လျော်ကြေး ပေးသင့်ကြောင်း ယူဆ ဖော်ပြခဲ့ကြသည်။

"ဂျပန်သည် ဂျာမနီထံမှ သင်ယူပြီး ၎င်း၏ စစ်ပွဲအတွင်း ရက်စက်သော လုပ်ရပ် အားလုံးကို ဝန်ခံရန် လိုအပ်ပြီး တရုတ်၊ ဖိလစ်ပိုင်နှင့် တောင်ကိုရီးယားတို့အား လျော်ကြေးပေးကာ ၎င်း၏ ကျောင်းသုံးဖတ်စာတွင် မိမိ၏ ဆိုးသွမ်းသောပြစ်မှုအားလုံးကို ဝန်ခံရမည်"ဟု အင်တာနက်သုံးသူတစ်ယောက်က  ရေးသားခဲ့ သည်။