အမေရိကန်အနေနှင့် တရုတ်နိုင်ငံ ဦးတည်ချက် တူညီစွာ အတူယှဉ်တွဲနေထိုင်ရေး လမ်းကြောင်းကို ရှာကြံရန် မျှော်လင့်ကြောင်း တရုတ် သံအမတ်ကြီးဆို

(GMT+08:00)2024-04-22 11:19:30  

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှဲ့ဖုန်းသည် ဧပြီလ ၂၀ ရက်နေ့က Harvard Kennedy တရုတ်ဖိုရမ်၏ ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြားရာ၌ အမေရိကန်အနေနှင့် တရုတ်နိုင်ငံနှင့် ဦးတည်ချက် တူညီစွာ ဆောင်ရွက်ပြီး အပြန်အလှန် လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်းမူများအရ ခေတ်သစ်တွင် တရုတ်နှင့် အမေရိကန်အကြား မှန်ကန်သော အတူယှဉ်တွဲနေထိုင်ရေး လမ်းကြောင်းကို ရှာကြံရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ရှဲ့ဖုန်းက ၁။ မှန်ကန်သော နားလည်သိရှိမှုကို အတူ ထားရှိရမည် ဖြစ်ကြောင်း၊ ၂။ သဘောကွဲလွဲမှုများကို အတူ ထိရောက်စွာ ထိန်းချုပ်ရမည် ဖြစ်ကြောင်း၊ ၃။ အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်းဆောင်ရွက်မှုကို အတူ တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ၄ ။ နိုင်ငံကြီး အဖြစ် တာဝန်ဝတ္တရားများကို အတူ ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ ၅။ လူမှု ယဉ်ကျေးမှုများ ကူးလူးဖလှယ်မှုကို အတူ မြှင့်တင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယခုအကြိမ်ဖိုရမ်၏ ဆောင်ပုဒ်သည် စိတ်ရင်းမှန်ဖြင့် အပြန်အလှန် ကူညီအားပေးခြင်း ဖြစ်ပြီး တရုတ်နှင့် အမေရိကန်နိုင်ငံမှ နိုင်ငံရေး၊ စီးပွားရေးလောကမှ ကိုယ်စားလှယ်များ၊ Harvard တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် အမေရိကန်ရှိ တရုတ်ပညာတော်သင်များ စုစုပေါင်းလူ ၃၀၀ ကျော် ဖိုရမ်သို့ တက်ရောက်ခဲ့ကြပါသည်။