တရုတ်နိုင်ငံမှ အရည်အချင်း မြင့်မားသော တံခါးဖွင့်ရေးသည် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ယူဆောင်လာသည်ဟု ဂျာမန်ပညာရှင်ဆို

(GMT+08:00)2024-04-22 16:06:09  

ဧပြီလ ၁၉ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ ပြီး ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း ကုန်သွယ်ရေး လည်ပတ်မှု အခြေ အနေများကို မိတ်ဆက်ရှင်းလင်းခဲ့ကြောင်းChina Media Groupမှ သတင်းအရ သိရပါသည်။

China Media Groupမှ သတင်းထောက်သည် ဂျာမနီနိုင်ငံ Schiller Institute မှ အဆင့်မြင့်သုတေသီ Ossen Kopp ကို အင်တာဗျူးခဲ့သည်။ Osenkop သည် Belt and Road အတူ တည်ဆောက်ရေး အဆိုပြုချက်၊ BRICS ပူးပေါင်း ဆောင်ရွက်ရေးစနစ်၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့စသည်တို့ကို နှစ်ပေါင်းများစွာ သုတေသနပြုခဲ့သည်။ Ossen Koppက စီးပွားရေးပတ်ဝန်းကျင် စဉ်ဆက်မပြတ် တိုးတက်မှုနှင့် အရည်အချင်းမြင့်မားစွာတံခါးဖွင့်ရေးကို စဉ်ဆက်မပြတ် ချဲ့ထွင်ခြင်းသည် တရုတ် နိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို မြင့်တင်စေခဲ့ကြောင်း ပြောကြားခဲ့သည်။