ကမ္ဘောဒီးယား ဘုရင် သီဟာမော်နီသည် ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00)2024-04-22 11:18:41  

ကမ္ဘောဒီးယား ဘုရင် သီဟာမော်နီသည်   ဒေသစံတော်ချိန် ဧပြီလ ၂၁ ရက်နေ့က ဖနွမ်းပင်မြို့၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံခဲ့ပါသည်။

  ဘုရင် သီဟာမော်နီသည် သမ္မတ ရှီကျင့်ဖိန်နှင့် ပါမောက္ခ ဖုန်လိယွမ်အား စိတ်ရင်းမှန်ဖြင့် ပြောကြားသည့် နှုတ်ခွန်းဆက်စကားကို တစ်ဆင့် ပြောပြပေးရန် မှာကြားခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေး မူဝါဒကို ပြတ်ပြတ်သားသား ကျင့်သုံးပြီး သမ္မတ ရှီကျင့်ဖိန်က တင်ပြထားသော လူသားများ ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးဆိုင်ရာ အတွေးအခေါ်နှင့် တစ်ကမ္ဘာ လုံးဆိုင်ရာ အဆိုပြုချက်သုံးရပ်ကို အားပေးထောက်ခံပါကြောင်း၊ ကမ္ဘောဒီးယားနှင့် တရုတ် နိုင်ငံတို့သည် ဘိုးစဉ်မြေးဆက် ရေရှည် ချစ်ခင်ရင်းနှီးသွားမည်ဟု အခိုင်အမာ ယုံကြည် ပါကြောင်း ပြောကြားခဲ့သည်။

ဝမ်ယိသည် သမ္မတ ရှီကျင့်ဖိန်နှင့် ပါမောက္ခ ဖုန်လိယွမ်တို့က ကမ္ဘောဒီးယား မယ်တော်နှင့် ဘုရင်အား ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သခြင်းနှင့် ဆုမွန်ကောင်း တောင်းပေးခြင်းစကားများကို ဦးစွာ ပြောပြခဲ့ပြီး နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် တရုတ်နှင့် ကမ္ဘောဒီးယား ကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက် ခြင်းသည် အရည်အသွေးမြင့်၊ အရည်အချင်းမြင့်၊ စံချိန်မြင့် ဖြစ်သည့် အခန်းကဏ္ဍသစ်သို့ ဝင်ရောက်လာကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား ၏ ယုံကြည် အားကိုးရဆုံးသော မိတ်ဖက်နှင့် အခိုင်ခံ့ဆုံးသော အားပေးသူ ထာဝရ ဖြစ်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။