ဆီးရီးယားရှိ အမေရိကန် စစ်စခန်း နောက်တစ်ခု တိုက်ခိုက်မှု ခံရ

(GMT+08:00)2024-04-22 11:20:34  

ဒေသစံတော်ချိန် ဧပြီလ ၂၁ ရက်နေ့ ညတွင် အီရတ် ပြည်သူ့စစ်တပ် လက်နက်ကိုင်အဖွဲ့သည် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဒယ်ဇူ ပြည်နယ် အိုမာ ရေနံမြေရှိ အမေရိကန် စစ်စခန်းအား ဒုံးကျည် လေးစင်း ပစ်ခတ်ခဲ့ကြောင်း လက်ဘနွန် AlMayadeen ရုပ်မြင်သံကြားဌာနမှ သတင်း အရ သိရပါသည်။

ထိုနေ့ အစောပိုင်းက လက်ဘနွန AlMayadeen ရုပ်မြင်သံကြားဌာနမှ သတင်းအရ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဟာဆာကာ ပြည်နယ်ရှိ အမေရိကန် စစ်စခန်းအနီးတွင် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှု ခံခဲ့ကြောင်း သိရပါသည်။