အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken သည် တရုတ်နိုင်ငံကို လာရောက် ခရီးလှည့်လည်မည်

(GMT+08:00)2024-04-22 19:49:09  

   ဧပြီလ ၂၂ ရက်နေ့က တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်သည် ပုံမှန် သတင်းစာရှင်းလင်းပွဲကို ကြီးမှူး ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Blinken သည် ဧပြီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ တရုတ်နိုင်ငံကို လာရောက် ခရီးလှည့်လည်မည် ဖြစ်ကြောင်း ကြေညာခဲ့ ပါသည်။