မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Mohamad သည် တရုတ်နိုင်ငံကို တရားဝင် ခရီးလှည့်လည်မည်

(GMT+08:00)2024-04-22 19:48:12  

   တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ ဖိတ်ကြားချက်အရ မလေးရှား နိုင်ငံခြားရေး ဝန်ကြီး Mohamad သည် ဧပြီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ တရုတ်နိုင်ငံကို တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း ဧပြီလ ၂၂ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။