“တရုတ်နိုင်ငံ၏ထုတ်လုပ်မှုပိုလျှံလွန်ကဲမှုပြောဆိုချက်” အပေါ် ပြန်လည်ချေပ မှုနှင့်သက်ဆိုင်သော အွန်လိုင်းစစ်တမ်းကောက်မေးခွန်းလွှာ

(GMT+08:00)2024-04-21 16:28:16  

လက်တလောကာလမှာ အမေရိကန်နိုင်ငံအစရှိတဲ့အနောက်တိုင်းမီဒီယာများရဲ့အရေးတယူ ပြောဆိုနေကြတဲ့ “တရုတ်နိုင်ငံ၏ထုတ်လုပ်မှုပိုလျှံလွန်ကဲမှု” ပြောဆိုချက်ဟာ နိုင်ငံတကာဝေဖန်မှုရဲ့ ကျယ်ပြန့်စွာ စိတ်ဝင်စားမှုကို ဖြစ်လာစေခဲ့ပါတယ်။
ဤကိစ္စနှင့်ပတ်သက်ပြီး သင် ဘယ်လိုဝေဖန်သုံးသပ်သလဲ ? အောက်ဖော်ပြပါမေးခွန်းများအား ဖြေဆိုပြီး သင်၏သဘောထားဆန္ဒကို ထုတ်ဖော်နိုင်ပါသည်။
(၁) အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏ခန့်မှန်းချက်အရ ၂၀၃၀ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်သစ်မော်တော်ယာဉ် ဝယ်ယူလိုအပ်မှုပမာဏသည် အစီးရေ ၄၅ သန်းအထိ ရှိလာနိုင်ဖွယ် ရှိပြီး ၂၀၂၂ ခုနှစ်တုန်းကထက် ၄ ဆ ပိုများပြားမည် ဖြစ်သည်။ စွမ်းအင်သစ်နည်းပညာနှင့်ထုတ်ကုန်များဟာ ကမ္ဘာ့စျေးကွက်မှာ ကြီးမားသောဝယ်လိုအားနှင့်အလားအလာများရှိနေဆဲဟု သင်ယူဆပါသလား ?
(က) ယူဆသည်
(ခ) မယူဆပါ
(၂) ကုန်ထုတ်စွမ်းအားသည် ရောင်းလိုအားနှင့်ဝယ်လိုအားမှ အဆုံးအဖြတ်ပေးခြင်းဖြစ်ပြီး ရောင်းလိုအားနှင့်ဝယ်လိုအား မညီမျှမှုသည် အဖြစ်များလေ့ရှိသည်။ ထုတ်လုပ်မှုသည် ဝယ်လိုအားထက် သင့်တော်စွာ ပိုများခြင်းသည် စျေးကွက်ယှဉ်ပြိုင်မှုအတွက် အကျိုးရှိသည်။ ဤပြောဆိုချက်ကို သင် လက်ခံပါသလား ?
(က) လက်ခံသည်
(ခ) လက်မခံပါ
(၃) နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုအား အရှိန်မြှင့်တင်ရေးနှင့် စျေးကွက်ယှဉ်ပြိုင်မှုအား အပြည့်အဝ လှုံ့ဆော်ပေးခြင်းသည် စွမ်းအင်သစ်နယ်ပယ်အား ကောင်းမွန်လျင်မြန်စွာ တိုးတက် ဖွံ့ဖြိုးရေးကို တွန်းအားပေးသော အဓိကသော့ချက်ဖြစ်သည်။ ဤအချက်အား သင် လက်ခံပါသလား ?
(က) လက်ခံသည်
(ခ) လက်မခံပါ
(၄) ဂလိုဘယ်လိုက်ဇေးရှင်းခေတ်တွင် နိုင်ငံအသီးသီးဟာ မတူညီသော နှိုင်းယှဉ်မှု အားသာချက် များ ရှိကြပြီး မတူညီသော လုပ်ငန်းနယ်ပယ်အသီးသီးတွင် ထုတ်လုပ်မှုပိုလျှံလွန်ကဲမှုများ ဖြစ်ပေါ် နေကြသည်။ နိုင်ငံအသီးသီး ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရေးဟာ ထုတ်လုပ်မှုပိုလျှံလွန်ကဲမှု ပြဿနာအား ဖြေရှင်းနိုင်မည့် အဓိကသော့ချက်ဖြစ်သည်။ ဤအချက်ကို သင် လက်ခံပါသလား ?
(က) လက်ခံသည်
(ခ) လက်မခံပါ
(၅) တရုတ်နိုင်ငံ၏စွမ်းအင်သစ်ကုန်ထုတ်လုပ်မှုသည် ကမ္ဘာ့စျေးကွက်သို့ အရည်အသွေးမြင့် ထုတ်ကုန်များ စဉ်ဆက်မပြတ် ပံ့ပိုးပေးနေပြီး တစ်ကမ္ဘာလုံး စိမ်းလန်းစိုပြေသော ဖွံ့ဖြိုးတိုးတက်မှု အတွက် တက်ကြွစွာ ပါဝင်ကူညီလျက်ရှိသည်။ ဤအချက်ကို သင် လက်ခံပါသလား ?
(က) လက်ခံသည်
(ခ) လက်မခံပါ
(၆) အကာအကွယ်ပေးရေးဝါဒဖြင့် စွမ်းအင်သစ်ကုန်ထုတ်လုပ်ငန်းအား ချုပ်ချယ်ခြင်းသည် ရာသီ ဥတုပြောင်းလဲမှုအား ဖြေရှင်းရန် နိုင်ငံအသီးသီး၏လက်တွဲကြိုးစားမှုအား ယုတ်လျော့စေသည်။ ဤ အချက်ကို သင် လက်ခံပါသလား ?
(က) လက်ခံသည်
(ခ)  လက်မခံပါ
(၇) ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်သစ်နယ်ပယ်၏ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးသည် တရားမျှတ ပြီး တရားနည်းလမ်းကျသော အပြည်ပြည်ဆိုင်ရာစည်းမျဉ်းစည်းကမ်း အခြေခံပေါ်မှာ တည်ဆောက် သင့်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏အကျိုးစီးပွားများကို အပြည့်အဝ အလေးထားသင့်သည်။ ဤအချက် ကို သင် လက်ခံပါသလား ?
(က) လက်ခံသည်
(ခ) လက်မခံပါ
(၈) ကုန်ထုတ်စွမ်းအားပြဿနာသည် စီးပွားရေးပြဿနာဖြစ်ပြီး နိုင်ငံရေးနှင့် မပတ်သက်သင့်ပါ။ လွန်ကဲသော နိုင်ငံရေးစနစ်နှင့် လွန်ကဲသော လုံခြုံရေးစနစ်တို့၏လုပ်ထုံးလုပ်နည်းများသည် စီးပွားရေးစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်နေပြီး ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့လာရေး အတွက် အကျိုးယုတ်စေသည်။ ဤအချက်ကို သင် လက်ခံပါသလား ?
(က) လက်ခံသည်
(ခ) လက်မခံပါ