နိုင်ငံခြားရေး ဝန်ကြီးဌာန - “တရုတ်နိုင်ငံ၏ထုတ်လုပ်မှုပိုလျှံလွန်ကဲမှုသည် ကမ္ဘာ့စျေးကွက်ကို ထိခိုက်စေသည်” ဆိုသော ပြောဆိုချက်သည် မှားယွင်းသော ပြောဆိုချက်ပါ

(GMT+08:00)2024-04-21 16:30:42  

၁၇ ရက်နေ့တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian ကြီးမှူးကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးမှ “ထုတ်လုပ်မှု ပိုလျှံလွန်ကဲမှု” နဲ့ပတ်သက်ပြီး မေးခွန်းထုတ်လာသည့်အခါ အခုတလောမှာ အမေရိကန်နိုင်ငံ ဥရောပသမဂ္ဂတို့က တရုတ်နိုင်ငံထုတ်လုပ်တဲ့ လျှပ်စစ်မော်တော်ယာဉ်နှင့် ဆိုလာဘက်ထရီပြား တွေမှာ ထုတ်လုပ်မှုပိုလျှံလွန်ကဲမှု ပြဿနာရှိနေတယ်လို့ ထောက်ပြခဲ့ကြပြီး ဆောင်ရွက်မှုများ ပြုလုပ်သွားမယ်လို့ ပြောနေခဲ့ကြတာကို ကျွန်တော်တို့ သတိပြုမိပါတယ် လို့ Mr. Lin Jian မှ ‌ပြောသွားခဲ့ပါတယ်။ မကြာသေးမီက ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz တရုတ်နိုင်ငံကို အလည်အပတ်ခရီးစဉ် လာရောက်ချိန်တုန်းကလည်း တရုတ်နိုင်ငံကို “ထုတ်လုပ်မှုပိုလျှံလွန်ကဲမှု” ပြဿနာတွေ မေးခွန်းထုတ်ခဲ့ပါတယ်။ “တရားမျှတပြီး ပွင့်လင်း မြင်သာတဲ့စျေးကွက်တစ်ခုကို ကျွန်တော် တို့ လိုချင်ပါတယ်” လို့ ပြောသွားခဲ့တယ်။ ဤ အကြောင်းအရာနဲ့ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပေးချင်ပါသလဲ ?
၁၆ ရက်နေ့တွင် သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိလာသော ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz နှင့် တွေ့ဆုံချိန်တွင် တရုတ်နိုင်ငံနှင့်ဂျာမနီနိုင်ငံ ကုန်ထုတ်လုပ်ငန်းကွင်းဆက်နှင့်ထောက်ပံ့ရေးကွင်းဆက် နက်နက်ရှိုင်းရှိုင်းချိတ်ဆက်ထား ပြီး ၂ နှစ်နိုင်ငံ စီးပွားရေးစျေးကွက်သည် အပြန်အလှန်မှီခိုနေတာ ဖြစ်ကြောင်း ထောက်ပြ သွားခဲ့သည်။ တရုတ်-ဂျာမနီ နှစ်ဦးအကျိုးတူဖြစ်ထွန်းရေး ပူးပေါင်းဆောင်ရွက်မှုသည် “အန္တရာယ်” မဟုတ်ဘဲ နှစ်ဦးနှစ်ဘက် ဆက်ဆံရေးတည်ငြိမ်စေရန် အာမခံချက်ဖြစ်ပြီး အနာဂတ်ကို ဖန်တီးရန် အခွင့်အလမ်းတစ်ခုဖြစ်သည်။ စက်ယန္တရားထုတ်လုပ်မှု၊ မော်တော် ယာဉ်အစရှိသည့် သမားရိုးကျလုပ်ငန်းနယ်ပယ်မှာပဲဖြစ်ဖြစ် အစိမ်းရောင်အသွင်ကူးပြောင်း မှု၊ ဒစ်ဂျစ်တယ်စနစ်၊ ဉာဏ်ရည်တုစနစ် အစရှိသော နယ်ပယ်သစ်များမှာပဲဖြစ်ဖြစ် ၂ နိုင်ငံ စလုံးအတွက် ပူးပေါင်းဆောင်ရွက်၍ အကျိုးတူဖြစ်ထွန်းလာရန် ကြီးမားသော အလားအလာများ တူးဖော်ရှာဖွေဖို့ ရှိနေပါသည်။ အပြန်အလှန်အကျိုးဖြစ်ထွန်းနိုင်သော သိသာထင်ရှားသည့် ဝိသေသလက္ခဏာရပ်များကို ရှေ့တန်းတင်ပြီး နှစ်ဦးနှစ်ဘက် အောင်မြင်မှုရရှိသွားအောင် ၂ နိုင်ငံစလုံး ဆောင်ရွက်သင့်ပါသည်။ တရုတ်နိုင်ငံမှ တင်ပို့သော လျှပ်စစ်ကား၊ လီသီယမ်ဘက်ထရီ၊ နေရောင်ခြည်စွမ်းအင်သုံးထုတ်ကုန်များဟာ ကမ္ဘာလုံး ဆိုင်ရာ ထောက်ပံ့ရေးကို ကြွယ်ဝစေရုံသာမက ကမ္ဘာ့ငွေကြေးဖောင်းပွမှု ဖိအားများကို လည်း  လျှော့ချပေးခဲ့သည်။ တစ်ကမ္ဘာလုံးမှ ရာသီဥတုပြောင်းလဲမှုနှင့် အစိမ်းရောင် ကာဗွန်နိမ့် အသွင်ကူးပြောင်းရေးတို့ ရင်ဆိုင်ဖြေရှင်းရန်အတွက် ကြီးမားသော အကျိုးပြုမှု များ ရှိခဲ့သည်။ တရုတ်နိုင်ငံနှင့်ဂျာမနီနိုင်ငံတို့သည် စက်မှုလုပ်ငန်းဖြင့် နိုင်ငံတည်ထောင်ခဲ့ပြီး လွတ်လပ်သော ကုန်သွယ်မှုနဲ့ စီးပွားရေးဂလိုဘယ်လိုက်ဇေးရှင်းတို့ကို အားပေး ထောက်ခံခဲ့ကြသည်။ နှစ်ဦးနှစ်ဘက်စလုံးမှ အကာအကွယ်ပေးရေးဝါဒ ဦးမော့လာခြင်းအား သတိပြုရမည်ဖြစ်ပြီး စျေးကွက်ရှုထောင့်အမြင်နှင့်ကမ္ဘာ့ရှုထောင့်အမြင်တို့ကို အခြေခံပြီး စီးပွားရေးစည်းမျဉ်းဥပဒေအတိုင်း ဆောင်ရွက်ရေးကို အခိုင်အမာရပ်တည်သွားရမည်။ ကုန်ထုတ်စွမ်းရည်ရေးရာကို ဓမ္မဓိဋ္ဌာန်ကျကျ ခွဲခြားစိစစ်ပြီး ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုဆွေးနွေးလုပ်ဆောင်သွားရမည်။ “တရုတ်နိုင်ငံ၏ထုတ်လုပ်မှုပိုလျှံလွန်ကဲမှုသည် ကမ္ဘာ့ စျေးကွက်ကို ထိခိုက်စေသည်” ဆိုသော ပြောဆိုချက်သည် မှားယွင်းသော ပြောဆိုချက် ဖြစ်ပြီး “ထုတ်လုပ်မှုပိုလျှံလွန်ကဲမှု” ကို အကြောင်းပြုကာ ကုန်သွယ်မှု အကာအကွယ်ပေး ရေးဝါဒကို ကျင့်သုံးလာပါက မိမိတို့အတွက် ပိုမိုကောင်းမွန်လာမည်မဟုတ်ဘဲ ထုတ်လုပ်မှု နှင့် ထောက်ပံ့ရေးကွင်းဆက်တို့၏တည်ငြိမ်ရေး အဆင်ပြေချောမွေ့ရေးတို့ကို ထိခိုက် ပျက်စီးစေကာ ကမ္ဘာ့စီးပွားရေး၏အစိမ်းရောင်အသွင်ကူးပြောင်းရေးနှင့် ထွန်းသစ်စ လုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုပါ ကြန့်ကြာစေမည်ဟု Mr. Lin Jian က ‌ပြောကြားသွားခဲ့ သည်။