လောင်းကစား လိမ်လည်မှု သံသယရှိသူ ၆၈၀ ကျော်ကို အသုတ်ခွဲပြီး ကမ္ဘောဒီးယားနိုင်ငံကနေ တရုတ်နိုင်ငံသို့ ပို့ဆောင်

(GMT+08:00)2024-04-21 16:25:13  

ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဟူဘေပြည်နယ် ဝူဟန်မြို့ရှိ ထျန်ဟိုအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တရုတ် မြို့ပြလေကြောင်း စင်းလုံးငှားလေယာဉ်နှစ်စင်း ဆင်းသက်ခဲ့ရာ  ဖမ်းမိထားသော လောင်းကစား လိမ်လည် မှုတွင် ပါဝင်ပတ်သက်သည့် တရုတ်လူမျိုး ၁၃၅ ဦးကို ကမ္ဘာဒီးယားနိုင်ငံကနေ  တရုတ်နိုင်ငံသို့ ပြန် လည် ပို့ ဆောင် ခဲ့သည်။ ယခုအချိန်အထိ ကမ္ဘောဒီးယားရဲတပ်ဖွဲ့က ဖမ်းမိထားသော လောင်းကစား လိမ် လည်မှု နှင့် ပတ်သက်သည့် တရုတ်လူမျိုး သံသယရှိသူ ၆၈၀ ကျော်ကို တရုတ် ပြည်သူ့ လုံခြုံရေးဌာနများက တရုတ်နိုင်ငံသို့ ပြန်လည် ပို့ဆောင် ခဲ့ကြောင်း သတင်းအရ သိရှိရ သည်။