သက်ကြီးရွယ်အိုဦးရေ တိုးများလာခြင်းကို ရင်ဆိုင်ရန် တောင်ကိုရီးယား ဘူဆန်မြို့တွင် နိုင်ငံခြားနေထိုင်သူများကို ဆွဲဆောင်ရန် စီမံချက်အသစ် ထုတ်ပြန်

(GMT+08:00)2024-04-21 16:22:46  

သက်ကြီးရွယ်အိုဦးရေတိုးများလာခြင်းနှင့် မွေးဖွားနှုန်း နည်းခြင်းစသည့် ပြဿနာများနှင့် ရင်ဆိုင်နေရသောကြောင့် တောင်ကိုရီးယား၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ဘူဆန်မြို့ သည် နိုင်ငံခြားနေထိုင်သူများကို ဆွဲဆောင်ရန် စီမံချက်အသစ်တစ်ရပ်ကို ဧပြီလ ၁၉ ရက်နေ့တွင် ကြေညာခဲ့ပါသည်။

Korea Herald သတင်းစာမှ ဖော်ပြချက်အရ ဘူဆန်မြို့ရှိ တက္ကသိုလ် ကောလိပ်များမှ ဘွဲ့ရပြီးသော သို့မဟုတ် ဘွဲ့ရ ရန် သေချာသော နိုင်ငံခြား ပညာတော်သင်များသည် ကိုရီးယားဘာသာစကား ကျွမ်းကျင်မှု စံနှုန်းနှင့် ကိုက်ညီပါက ဘူဆန်မြို့မှ သီးခြား အလုပ်ဗီဇာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ လျှောက်လွှာတင်ရန် နောက်ဆုံးရက်က မေလ ၁၀ ရက်နေ့ဖြစ်ကြောင်း သိရှိရသည်။