နိုင်ငံတကာမှ စစ်တမ်း ဖြေဆိုသူ ၉၀ ရာခိုင်နှုန်းခန့်သည် တရုတ်နိုင်ငံ၏ နိုင်ငံတကာ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု အပေါ် အကျိုးပြုစွမ်းဆောင်မှုကို ချီးကျူး အတည်ပြု

(GMT+08:00)2024-04-21 16:19:31  

တရုတ်ပြည်ထုတ် စွမ်းအင်သစ်သုံး မော်တော်ကား၊ lithium ဘက်ထရီနှင့် နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းများ နိုင်ငံတကာ ဈေးကွက်များ၌ ရေပန်းစားနေသည့် ခုလို အချိန်အခါတွင် တရုတ်ပြည်ထုတ် စွမ်းအင်သစ်သုံး ကုန်ပစ္စည်များ "ထုတ်လုပ်အားက ရောင်းအားကို ကျော်လွန်ခြင်း" ဟူသော သတင်းဖြန့်ခြင်းလည်း အကြိမ်ကြိမ် ပေါ်လာခဲ့သည်။ မကြာမီက China Media Group CGTNမှ ပြုလုပ်သော တစ်ကမ္ဘာလုံးဆိုင်ရာ စစ်တမ်းကောက်ယူမှု ရလဒ်အရ နိုင်ငံတကာမှ စစ်တမ်း ဖြေဆိုသူ ၈၈.၆၂ ရာခိုင်နှုန်းသည် တရုတ်ပြည်၏ စွမ်းအင်သစ်သုံး ကုန်ထုတ်လုပ်ငန်း၏ ကမ္ဘာ့စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုစွမ်းဆောင်မှုကို ချီးကျူး အတည်ပြုခဲ့ကြောင်း သိရပါသည်။

  စစ်တမ်းဖြေဆိုသူ ၈၄.၈၆ ရာခိုင်နှုန်းက စွမ်းအင်သစ်သုံး နည်းပညာနှင့် ထုတ်ကုန်များသည် နိုင်ငံတကာ ဈေးကွက်များတွင် ကြီးမားသော ဝယ်လိုအား ရှိမြဲ ရှိနေပြီး "ထုတ်လုပ်အားက ရောင်းအားကို ကျော်လွန်ခြင်း" ဟူသော အခြေအနေ လုံးဝ မရှိကြောင်း ယူဆကြသည်။ ဖြေဆိုသူ ၈၃.၈၇ က ကုန်ထုတ်လုပ်အား ရေးရာသည် စီးပွားရေး အကြောင်း ဖြစ်ပြီး နိုင်ငံရေးနှင့် ချိတ်ဆက်မှု မပြုလုပ်သင့်ကြောင်း ယူဆကြသည်ဟု သတင်းအရ သိ ရှိရ သည်။