ကုလသမဂ္ဂအနေနဲ့ ပါလက်စတိုင်းကို အမြန်ဆုံးလက်ခံဖို့က သမိုင်းဆိုင်ရာ မတရားမှုတွေကို ပြုပြင်ခြင်း ဖြစ်သည်ဟု ဝမ်ယိဆို

(GMT+08:00)2024-04-21 16:25:34  

ဒေသစံတော်ချိန် ဧပြီလ ၂၀ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီ ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က Port Moresby တွင် ပါပူဝါနယူးဂီနီ နိုင်ငံခြား ရေးဝန်ကြီး တကာ ချိန်ကို နှင့်အတူ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင် ဖြေရှင်းရာတွင် ကုလ သမဂ္ဂက ၎င်း၏ အခန်းကဏ္ဍမှ ပါဝင်သင့်ပြီး လုံခြုံရေးကောင်စီတွင် ပါလက်စတိုင်းအား ကုလသမဂ္ဂ တရားဝင် အဖွဲ့ဝင်နိုင်ငံဖြစ်ရန်  အမေရိကန်က  မဲတစ်မဲ ဗီတိုအာဏာဖြင့် ပယ်ချ ခြင်း အပေါ် နိုင်ငံတကာ အသိုက်အဝန်းက အလွန် မကျေမနပ်ဖြစ်ပြီး စိတ်ပျက်မိကြောင်း၊ ကုလသမဂ္ဂအနေဖြင့် ပါလက်စတိုင်းကို တတ်နိုင်သမျှ အမြန်ဆုံး လက်ခံရန်မှာ ကာလရှည်ကြာ နှောင့်နှေးနေသည့် သမိုင်းဝင်မတရားမှုများကို ပြုပြင်ခြင်းဖြစ်သကဲ့သို့ ကုလ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတိုင်း လိုက်နာသင့်သည့် နိုင်ငံတကာ ဝတ္တရားလည်းဖြစ်ကြောင်း ပြောကြား ခဲ့ သည်။