ဂျပန်ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ရဟတ်ယာဉ်၂စင်း ပျက်ကျ၍ လူ၁ဦး သေဆုံး

(GMT+08:00)2024-04-21 16:24:30  

ဂျပန် ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့၏ ကင်းလှည့်ရဟတ်ယာဉ်နှစ်စင်း ပျက်ကျမှုတွင် လူ၁ဦး သေဆုံးကာ လူ၇ဦး ပျောက်ဆုံးနေပြီး ပျက်ကျမှုသည် တိုက်မိခြင်းကြောင့် ဖြစ်နိုင် ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ၂၁ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့တို့မှသတင်းအရ ဒေသစံတော်ချိန်၂၀ ရက်နေ့ည၁၀နာရီခွဲ နှင့် ၁၁နာရီအချိန်ခန့် တွင် ရေကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ရဟတ်ယာဉ်၂စင်းသည် အီဇူကျွန်းစုရှိ တိုရီရှီမာ ကျွန်း အနီးတွင် အဆက်အသွယ် ပြတ်တောက် ခဲ့ကြောင်း သိရပါသည်။