အမေရိကန်က "မဲတစ်မဲ ဗီတိုအာဏာဖြင့် ပယ်ချခြင်း"သည် ဤအချက် တစ်ချက်ကို အတည် ပြုခဲ့သည်

(GMT+08:00)2024-04-21 16:23:19  

ဒေသစံတော်ချိန် ဧပြီလ ၁၈ ရက်နေ့က  ပါလက်စတိုင်းကို ကုလသမဂ္ဂ တရားဝင် အဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲခွဲဆုံးဖြတ်ခဲ့ရာ အမေရိကန်က မဲတစ်မဲ ဗီတိုအာဏာဖြင့် ပယ်ချခဲ့သည်။ တရုတ်၊ အီဂျစ်၊ အိုင်ယာလန် စသည့်နိုင်ငံများက ယင်းအတွက် ဝမ်းနည်း စိတ်ပျက်ကြောင်း ဖော်ပြခဲ့ကြသည်။ ပင်လယ် ကွေ့ အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) က ကြေညာချက် ထုတ်ပြန် ပြီး အမေရိကန်၏ လုပ်ရပ်သည် အရှေ့အလယ်ပိုင်းဒေသ၌ တရားမျှတသည့် ငြိမ်းချမ်း ရေး ဘက်စုံ ဖော်ဆောင်ရေးဆိုင်ရာ ကြိုးပမ်းမှုများ နောက်ဆုတ်စေခဲ့သည်ဟု ပြစ်တင် ဝေဖန် ခဲ့သည်။

   "နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း"ကို အမှန်တကယ် ထောက်ခံသော နိုင်ငံ အားလုံးသည် ပါလက်စတိုင်းက ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန်ကို ကန့်ကွက်မည် မဟုတ်ပေ။ "နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း"ကို အကြိမ်ကြိမ် ပြောနေသည့် အမေရိကန် နိုင်ငံရေး သမားတို့က အဘယ်ကြောင့် ပါလက်စတိုင်း ပြည်သူများ၏ မျှော်လင့်ချက်ကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့ရသနည်း။

   အရှေ့အလယ်ပိုင်းဒေသ၌ ဗိုလ်ကျစိုးမိုးမှုနှင့် ပြည်တွင်း နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်များကြောင့် အမေရိကန် အစိုးရ အဆက်ဆက်တို့သည် အစ္စရေးကို အရေးကြီးဆုံးသော မဟာမိတ် အဖြစ် မြင်ထားပြီး အစ္စရေးအား ဘက်လိုက်မှုနှင့် အားပေး အားမြှောက်ပြုမှုသည် "ခြွင်းချက်ထားတာ" လုံးဝ မရှိ ဟု ဆိုနိုင်သည်။ အမေရိကန်၏ အမြင်အရ ပါလက်စတိုင်းနှင့် အစ္စရေးကြား ငြိမ်းချမ်းရေး ရရှိ နိုင်၊ မ ရရှိနိုင် ခြင်းဟာ အရေး မကြီးဘဲ ကိုယ်ကျိုးစီးပွား ထိန်းသိမ်းခြင်းသည်သာ အရေးကြီးဆုံးပင် ဖြစ်သည်ဟု ကျွမ်းကျင် ပညာရှင်များက သုံးသပ်ဖော်ပြကြပါသည်။

   ကုလသမဂ္ဂဆိုင်ရာ အမေရိကန် ကိုယ်စားလှယ် Greenfield က ပါလက်စတိုင်းက ကုလသမဂ္ဂတွင် တရားဝင် ပါဝင်ခြင်းသည် ပါလက်စတိုင်းနှင့် အစ္စရေး ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ "နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း" ရရှိစေရေးအတွက် အကျိုးပြုမည် မဟုတ်ဟုတောင် ပြောဆိုခဲ့သည်။ "နှစ်နိုင်ငံ ဖြေရှင်းရေးနည်းလမ်း" ရရှိစေရေးအတွက် အကျိုးပြုနိုင်မည်မှာ အမေရိကန်က အစ္စရေးအား လက်နက်များ အကြိမ်ကြိမ် ပံ့ပိုး ပေးခြင်းလော၊ ကုလသမဂ္ဂတွင် ဗီတိုအာဏာ အကြိမ်ကြိမ် ကျင့်သုံးခြင်းလောဟု လူအများ က မေးခွန်း ထုတ်ကြသည်။ ငြိမ်းချမ်းရေးကို ဖီလာဆန့်ကျင်သော အမေရိကန်၏ ဤလုပ်ရပ် များသည် အမေရိကန်သာ နိုင်ငံတကာနှင့် ဒေသရေးရာများကို ဖျက်ဆီးသူနှင့် ရှုပ် ထွေးအောင် ပြုလုပ်သူပင် ဖြစ်ခြင်းကို အတည်ပြုလိုက်ကြောင်း China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါသည်။