အမေရိကန် အောက်လွှတ်တော်သည် ယူကရိန်းနှင့် အစ္စရေးအား ကူညီထောက်ပံ့ရန် ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ပြီး အတည်ပြု

(GMT+08:00)2024-04-21 16:23:53  

 ဒေသစံတော်ချိန်  ဧပြီလ ၂၀ ရက်နေ့ က အမေရိကန် အောက်လွှတ်တော်သည် အမေရိကန် ဒေါ်လာ ၉၅ ဘီလီယံ တန်ဖိုးရှိ နိုင်ငံခြားအား ကူညီထောက်ပံ့မှု ဥပဒေကြမ်း ကို မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ကြောင်း အမေရိကန်Capitol Hill သတင်းစာမှ သတင်းအရ သိရပါသည်။ အဆိုပါဥပဒေကြမ်းတွင် ယူကရိန်းအား အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုး ရှိသော ကူညီထောက်ပံ့မှု နှင့် အစ္စရေးအား အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ တန်ဖိုး ရှိသော ကူညီထောက်ပံ့မှု များ ပါဝင်ကြောင်း သတင်းအရ သိရပါသည်။